Tuesday, September 8, 2020

ကံ ကံ၏အကျိုးကြောင့်ဖြစ်ခြင်း နှင့် ဘုရားသခင်အလိုအတိုင်းဖြစ်ခြင်း

ဗုဒ္ဓဘာသာတွင် လူ့သဘာဝ၊ လူ့ဖြစ်စဉ်ကို "ကမ္မနိယာမ လမ်းစဉ်" ဖြင့်ဖော်ပြပါသည်။ လူတို့၏ ချမ်းသာ ဆင်းရဲကို မိမိတို့ ပြုသော ကံတရား၊ ကောင်းမှု၊ မကောင်းမှုအပေါ်အခြေခံပြီး ဖြစ်ကြရသည်ဟု ဖော်ပြကြပါသည်။ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ၊ ကံသာလျှင် အားကိုးရာဟု ခံယူယုံကြည်ကြပါသည်။ အစွမ်းကုန် အနေဖြင့် ကံအပေါ်တွင် ယုံကြည်အားထားကြပါသည်။ ဗုဒ္ဓဘာသာတွင် စရဏသည်သာ အဓိကဖြစ်ပါသည်။

အစ္စလာမ်ဘာသာ၌မူကား ကမ္မလမ်းစဉ်ကို လုံးဝမပယ်သော်လည်း အစွမ်းကုန်အနေဖြင့် ကံသာလျှင် အမိ၊ ကံသာလျှင် အဖ၊ ကံသာလျှင် အားကိုးအားထား တစ်ခုအနေဖြင့် မယုံကြည်ကြဘဲ၊ အလုံးစုံအပေါ်လွှမ်းမိုးချုပ်ကိုင်လျှက်ရှိသော တစ်ဆူတည်းသော ထာဝရဘုရား (ဘဂဝါ) အလ္လာအရှင်အပေါ်၌သာလျှင် လုံးဝယုံကြည်အားထားကြပါသည်။

လူသားသည် မိမိဘာသာ ရွေးချယ်၍ အကောင်းအဆိုးကို ပြုလုပ်နိုင်ခွင့်ရှိပါသည်။ ဗုဒ္ဓတရားတော်၌ လူ၏အကောင်း၊ အဆိုး ပြုမူချက်ကို အကြောင်းပြု၍ ထိုအတိုင်း အကျိုးရလာဒ်ဖြစ်ပေါ်မည်ဟု တထစ်ချယုံကြည်ကြပါသည်။ အစ္စလာမ်ဘာသာ၌ကား မိမိရွေးချယ်၍ ပြုလုပ်သော ပြုမူချက် အကောင်းအဆိုးကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော အကျိုးဆက်သည် လူကို အကြောင်းခံသော်လည်း နောက်ဆုံး အကျိုးရလဒ်မှာ ဘုရားသခင်အလိုတော်အတိုင်း ဖြစ်ရသည်ဟု ယုံကြည်ကြပါသည်။

ဥပမာဆိုသော် ဗုဒ္ဓဘာသာအလိုအရ ကျောင်းသားတစ်ဦးသည် စာကို အပြင်းအထန်ကြိုးစား ကျက်မှတ်ဖြေဆိုလျှင် ကြိုးပမ်းအားထုတ်မှု အကြောင်းအားလျော်စွာ အကျိုးအဖြစ်စာမေးပွဲ မုချအောင်မည်ဟု ယုံကြည်ပါသည်။ ဘောလုံးကစားသမားတစ်ဦးသည်လည်း အပြင်းအထန်ကြိုးစာ၍ ဂိုးသွင်းလျှင် ဂိုးဝင်၍ ဧကန်မလွဲဂိုးရသည်ဟု ယုံကြည်ပါသည်။

အစ္စလာမ်ဘာသာအလိုအရမူ ကျောင်းသားတစ်ဦးသည် အပြင်းအထန်ကြိုးစား ကျက်မှတ်ဖြေဆိုသော်လည်း အောင်/ရှုံး ရလဒ်မှာ နောက်ဆုံး အကြီးအချုပ်ဖြစ်သော စာစစ်မှုးချုပ်၏ အလိုအတိုင်းဖြစ်ပေါ်လာသော အဆုံးအဖြတ်သာဖြစ်ပါသည်။ ထိုကျောင်းသား၏ အဆုံးအဖြတ်မဟုတ်ပါ။ အလားတူ ဘောလုံးကစားသမား၏ ဂိုးရလဒ်မှာလည်း နောက်ဆုံးအကြီးအချုပ်ဖြစ်သော ဒိုင်လူကြီး၏ အဆုံးအဖြတ်သာဖြစ်ပါသည်။ ထိုသဘောတရားမျိုးအတိုင်းပင် အစ္စလာမ်ဘာသာတရားတော်များတွင် လူသား၏ပြုလုပ်ကြိုးပမ်းမှုမှန်သမျှ၏ နောက်ဆုံးအကျိုးရလဒ်မှာ လူသားကိုအကြောင်းခံပါသော်လည်း အကြီးအချုပ်ဖြစ်သော ထာဝရဘုရားသခင်အလိုအတိုင်းသာလျှင် ဖြစ်ရသည်ဟုယုံကြည်ကြပါသည်။ 

ထို့ကြောင့် ဗုဒ္ဓဘာသာတရားတော်၌ အကြီးအချုပ်ဖြစ်သော ထာဝရဘုရား မရှိဟု ယုံကြည်သဖြင့် မိမိတို့၏ ကံ (ဝါ) စရဏတစ်ခုတည်းကိုသာ ယုံကြည်အားကိုးပြုစရာရှိပါသည်။ ထိုအတိုင်းပင် ယုံကြည်ထားကြပါသည်။ အကျင့်စရဏတစ်ခုတည်းဖြင့် နိဗ္ဗာန်ပန်းတိုင်ကို ရောက်အောင် ကျင့်ကြံနိုင်ပါသည်။ အစ္စလာမ်ဘာသာ၌ကား အကြီးအချုပ်ဖြစ်သော ထာဝရဘုရားရှင် အလ္လာဟ်အရှင်မြတ်ရှိနေကြောင်း ယုံကြည်ထားကြ၍ စရဏအကျင့်တစ်ခုတည်းကိုသာ အားကိုးမပြုဘဲ စရဏနှင့် ထာဝရဘုရားသခင်ထံ ရှိခိုး၊ဆုတောင်းပတ္ထနာပြုမှုကို တွဲ၍ အားထုတ်ကြမှ လူ၏ပန်းတိုင်သို့ရောက်ရှိနိုင်မည်ဟု ယုံကြည်ထားကြပါသည်။ ကံ ကံ၏အကျိုးကိုယုံကြည်ခြင်းသည် ဗုဒ္ဓဘာသာ၏ သမ္မာဒိဌိဖြစ်သကဲ့သို အစ္စလာမ်ဘာသာတွင် စရဏနှင့် ဆုတောင်းပတ္ထနာ တွဲထားသောယုံကြည်မှုကို သမ္မာဒိဌိအယူဟု ယုံကြည်ပြီး ထိုအယူမျိုးရှိမှသာလျှင် လူသား၏ပန်းတိုင်ဖြစ်သော အစ္စလာမ့်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြလိမ့်မည်ဟု ခံယူထားကြပါသည်။

Tuesday, March 31, 2020

ဘာသာတရား

ဘာသာတရားမှာ ဘာတွေပါဝင်လဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင် ...

Britannica ကမ္ဘာ့စွယ်စုံကျမ်းက ဒီလိုဆိုထားတယ်

ဘာသာရေး ဆိုတာ လူသားက မြင့်မြတ်တယ်၊အထွတ်အမြတ်ဖြစ်တယ်၊ ဝိညာဉ်ရေးရာ သို့ နာမ်ပိုင်းဆိုင်ရာ ဖြစ်မှု လို့ သတ်မှတ်ထားတဲ့အရာနဲ့
လူသားရဲ့ဆက်စပ်မှုကိုခေါ်တာဖြစ်တယ်။ ဘာသာရေးမှာအများအားဖြင့် ပါဝင်လေ့ရှိတာက လူသားနဲ့ တစ်ဆူတည်းသောထာဝရဘုရားသခင် ဆက်သွယ်မှု ဒါမှမဟုတ်
ဘုရားအများ (နတ်၊ဒေဝါ)များနဲ့ဆက်သွယ်မှု တွဖြေစ်တယ်။ ဘုရားကို ဝတ်ပြုရှိခိုးခြင်း (ကိုးကွယ်ခြင်း) က ဘာသာတရားရဲ့ အခြေခံအကျဆုံးဖြစ်တယ်။ ဒါပေမယ့်
ကိုယ်ကျင့်တရားနဲ့ဆက်ဆိုင်တဲ့ စည်းမျဉ်းစည်းကမ်းတွေ၊ မှန်ကန်ခိုင်မာတဲ့ ယုံကြည်ချက်တွေ ပါဝင်တာ ဘာသာရေးအဖွဲ့အစည်းတွေမှာ ပူပေါင်းပါဝင်ဆောင်ရွက်ကြမှု
စတာတွေကလည်း ဘာသာရေးဘဝရဲ့ အစိတ်အပိုင်းတွဖြေစ်တဲ့ အကြောင်းကို ဘာသာရေးကျမ်းစာတွေနဲ့ သူတော်စင်တွေက မိန့်ကြားထားပါတယ်။

Britannica ကမ္ဘာ့စွယ်စုံကျမ်းမှ
http://www.britannica.com/EBchecked/topic/497082/religion

ဘာသာတရားတစ်ခုခုကို ယုံကြည်လိုက်နာတဲ့သူနဲ့ ဘယ်ဘာသာကိုမှမယုံကြည့်တဲ့လူနဲ့ ကွဲပြားချက်ကတော့

၁။ ဘာသာတရားရှိတဲ့သူက တစ်စုံတစ်ခုမှာယုံကြည်မှုရှိတယ်။ ဘာသာတရားမရှိတဲ့သူက ယုံကြည်စရာမရှိဘူး။

ဥပမာအားဖြင့် ဗုဒ္ဓဘာသာဝင်တွေဆိုရင် လောကရဲ့မမြဲမှု၊ လူရဲ့ကိုယ့်ကိုယ်ကို အစိုးမရမှု၊ စတဲ့ အနိစ္စ၊ အနတ္တ၊ ဒုက္ခ သဘောတွေရဲ့ လွတ်မြောက်ရာ နိဗ္ဗာန်ဆိုတာအမှန်တစ်ကယ်ရှိကြောင်းယုံကြည်ကြပါတယ်။ ထာဝရဘုရားကိုးကွယ်တဲ့ဘာသာဝင်တွေမှာလည်း အလားတူ နိစ္စအမြဲတည်မြဲတဲ့၊ ပရမတ္ထဖြစ်တဲ့၊ အစစ်အမှန်သုခ ဖြစ်တဲ့ ဘုရားသခင်နဲ့ ပေါင်းစည်းခြင်းအားဖြင့် အစစ်အမှန်အေးချမ်းမှု ရရှိနိုင်ခြင်းကို သဒ္ဓာ အားဖြင့်သော်လည်းကောင်း၊ ပညာအားဖြင့်သော်လည်းကောင်း၊ ဘာဝနာဖြစ်သော်လည်းကောင်း သိရှိကြပါတယ်။ ဒီအသိသုံးခုကို ဒီလိုဖွင့်လို့ရပါမယ်။သာမန်ဘာသာဝင် တွေက ဒီအသိကို မိဘ၊ဘိုးဘွားတွေက လုပ်ဆောင်လာတာဖြစ်တဲ့ အတွက် ကိုယ့်မိဘ အသိုင်းအဝိုင်းက ဒီဘာသာနဲ့ လိုက်လျောညီထွဖြေစ်ပြီး ကျေနပ်နေတာကို ကိုယ်ကိုယ်တိုင်လည်း ဒီအတိုင်းစိတ်ကျေနပ်တာနဲ့ လက်ခံယုံကြည်ထားသူ (သဒ္ဓာနဲ့သိတဲ့သူ)ဖြစ်ပါတယ်။ ဒီထက်တစ်ဆင့်တက်ရင် ပိုပြီး အကျိုးအကြောင်း ခိုင်လုံတဲ့ အချက်အလက်တွေကို ဖတ်ရှုနားလည်သဘောက်ပေါက်တဲ့သူ (ပညာနဲ့သိတဲ့သူ) ဖြစ်တယ်။ အကောင်းဆုံးအဆင့်လို့ပြောရမယ့် အဆင့်ကတော့ မိမိကိုယ်တိုင် ထိုးထွင်းနားလည်ပြီး မျက်မှောက်ပြုနေတဲ့သူ (ဘာဝနာမယဉာဏ်နဲ့မျက်မှောက်ပြုတဲ့သူ)။

၂။ ဘာသာတရားရှိတဲ့သူတွေမှာ ဝတ်ပြုရှိခိုးတဲ့ပုံစံတစ်မျိုးရှိတယ်။ ဘာသာတရားမရှိတဲ့သူမှာ ဝတ်ပြုရှိခိုးခြင်းမရှိဘူး။
ထာဝရဘုရားကိုးကွယ်တဲ့ ဘာသာတွေမှာ ရုပ်ခန္ဓာကို နှိမ့်ချရိုကျိုးခြင်းဖြစ်သော်လည်းကောင်း၊ အမိန့်ပညတ်ချက်တွေကို လိုက်နာခြင်းဖြင့်သော်လည်းကောင်း၊ မမေ့မလျော့
ဘုရားသခင်ကို သတိရပြီး မကောင်းမှုအမျိုးမျိုးကရှောင်ကြဉ်တာတွေက ဘုရားသခင်ကို ရှိးခိုးတဲ့ အထဲအကျုံးဝင်ပါတယ်။ နှိမ့်ချရိုကျိုးမှုပြတဲ့နေရာမှာ ဗုဒ္ဓဘာသာတွေမှာတော့
ထာဝရဘုရားနေရာမှာ ဗုဒ္ဓကို အစားထိုးပါတယ်။ ဗုဒ္ဓကို ဦးချကြတယ်၊ နှိမ့်ချရိုကျိုးတဲ့အနေနဲ့ဖြစ်တယ်။ ပိဋ္ဋကတ်တရားဓမ္မကို လိုက်နာတယ်။ ဘယ်သူသိသိမသိသိဘုရားသိတယ်၊ကိုယ်စောင့်နတ်သိတယ်
မကောင်းမှုမလုပ်နဲ့ ဆိုတဲ့ စကားကိုလည်း ဗုဒ္ဓဘာသာဝင်တွေသုံးစွဲကြပါတယ်။ ဒါတွေကလည်း ဝတ်ပြုရှိခိုးတဲ့ ဖြစ်စဉ်တွေလို့ပြောလို့ရပါတယ်။

၃။ဘာသာတရားရှိတဲ့ သူက တစ်စုံတစ်ခုသော လူမှုရေးဆိုင်ရာ၊ ကိုယ်ကျင့်တရားရေးရာ ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေ ကို လိုက်နာကြပါတယ်။
ထာဝရဘုရားဘာသာမှာဆိုရင် ဒီလိုကျင့်ဝတ်တွေကို ကိုရန်ကျမ်းစာ၊ တမန်တော်တွေရဲ့ အတ္ထုပတ္တိလိုမျိုးတွေမှာ လိုက်နာစရာတွေရှိပါတယ်။
ဗုဒ္ဓဘာသာမှာဆိုရင် ဆိုရင် ရဟန်းတွေအတွက် ဝိနည်း။ လူအတွက်ဆို သိင်္ဂါလောဝါဒသုတ် စသဖြင့်ရှိပါမယ်။ ဘာသာတရားမရှိတဲ့သူမှာ လိုက်နာစရာ
ဒီလိုစည်းကမ်းတွေအတည်တကျမရှိပါဘူး။

၄။ ဘာသာတရားရှိတဲ့သူတွေမှာ လူဖြစ်တည်နေမှုဘဝအတွက် ရည်ရွယ်ချက် သတ်သတ်မှတ်မှတ်ရှိပြီး အဲဒါကိုဖော်ဆောင်မယ့် အတွေးအခေါ်ကျင့်စဉ်တွေရှိပါတယ်။
ဘာသာတရားမရှိတဲ့သူအတွက် တော့ ဒီလို သတ်သတ်မှတ်မှတ် တိကျတဲ့ ရည်ရွယ်ချက်မရှိနိုင်ပါဘူး။ ဥပမာအားဖြင့် ထာဝရဘုရားဘာသာဖြစ်တဲ့ အစ္စလာမ်က ကိုရန်ကျမ်းစာရဲ့ အလိုအရ ဆိုရင် လူဟာ မိမိဘဝရဲ့ ရည်ရွယ်ချက်ကို မိမိကိုယ်တိုင်သတ်မှတ်နိုင်တဲ့ အနေအထားမရှိကြောင်း။အကြောင်းမှာ သူသည် မိမိသဘောအတိုင်း ဤဘဝသို့လာရောက်ခဲ့သည်မဟုတ်။ ထို့အတူဤလောကမှလည်း မိမိသဘောအတိုင်း ထွက်မသွားနိုင်ကြောင်း လူရဲ့ ကိုယ့်ကိုယ်ကို အစိုးမရမှု အနတ္တအကြောင်းဖော်ပြထားပြီး လူရဲ့ပန်းတိုင်ကို ဘုရားသခင်ကပဲ သတ်မှတ်ထားကြောင်း ဖော်ပြထားပါတယ်။ ဒီရည်ရွယ်ချက်ကို ရရှိမယ့် နည်းလမ်းတွေကိုလည်း ကိုရန်ကျမ်းစာမှာဖော်ပြထားပါတယ်။ ဗုဒ္ဓဘာသာမှာဆိုရင်လည်း လူဖြစ်ရခြင်းဟာ မြင့်မြတ်တဲ့ အကြောင်း နိဗ္ဗာန်သို့တိုင် ဦးတည်သွားနိုင်မှာဖြစ်ကြောင်း။ ခေတ်ပြိုင် ဒိဌိ ဆရာကြီးတွေရဲ့ လမ်းဟာ ဒီရည်ရွယ်ချက်ကို ရောက်မှာမဟုတ်။ ဤအချိန်ကာလမှာ သူ့ရဲ့ မစ္ဇျိမပဋိပဋာ လမ်းစဉ်သာဒီရည်ရွယ်ချက်ကို ရောက်နိုင်မှာဖြစ်တဲ့အကြောင်း မြတ်ဗုဒ္ဓဟောကြားတော်မှုခဲ့ပါတယ်။ နိဗ္ဗာန်သာ လူရဲ့ပန်းတိုင် ဖြစ်ပြီး။ ဒီပန်းတိုင်သာလျှောက်ရမယ့်လမ်းဖြစ်ကြောင်း သတ်မှတ်ဖော်ပြခဲ့ပြီး ဒီလမ်းစဉ်ဘက်ကို သာ လူထုကို အစဉ်တစိုက် ဟောပြောပို့ချခဲ့ပါတယ်။

အနှစ်ချုပ်ရရင် ဘာသာရေး ဆို တာ ယုံကြည်မှုနဲ့ ဝတ်ပြုရှိခိုးမှုတွေပါဝင်ပြီး ကိုယ့်ကျင့်တရားအဘိဓမ္မာပါဝင်တဲ့ နည်းစနစ်လို့ပြောနိုင်ပါတယ်။

Monday, December 17, 2018

လူ့စွမ်းဆောင်မှုအပေါ်အားထားခြင်းနှင့် ဘာသာတရား

သက်ရှိသတ္တဝါတွေအားလုံးမှာ စွမ်းဆောင်နိုင်မှုစွမ်းအားတွေရှိကြတယ်။ ခန္ဓာကိုယ်ကြီးတဲ့ ကျွဲ၊နွား၊ဆင် တွေဟာလည်း ခန္ဓာအားအလျှောက်စွမ်းအားရှိကြသလို သမင်၊ဒရယ်၊ကျား၊ခြင်္သေ့စသည်တို့ဟာ လျှင်မြန်၊ ဖျတ်လတ်၊ သွက်လက်မှုစတဲ့ စွမ်းအားတွေရှိကြတယ်။ လူသတ္တဝါမှာလည်း သတ္တိ၊လုံ့လ၊ ဉာဏ်ပညာ စတဲ့ စွမ်းရည်စွမ်းအားတွေရှိတယ်။ သတ္တဝါတွေရဲ့ စွမ်းအားတွေဟာ လိုအပ်တဲ့နေရာပေါ် အချိန်အခါပေါ်မူတည်ပြီး ချင့်ချိန်ပြီး အသုံးချနိုင်၊ အတိုးအအလျော့လုပ် ချိန်ညှိုနိုင်တယ်။ ရုပ်ဝတ္ထုတွေမှာတော့ စွမ်းအင်တွေရှိကြပြီး ယေဘူယျအားဖြင့် တစ်သမတ်သဘောဆောင်ကြတယ်။ သံလိုက်စွမ်းအား၊ မြေဆွဲအား၊ လျှပ်စစ် နဲ့ အပူစွမ်းအင် စတာတွေကို ဆိုလိုချင်တယ်။ ဒီစွမ်းအင်တွေရဲ့ အတိုးအလျော့ဟာ လူတွေဒါမှမဟုတ် ပတ်ဝန်းကျင်အကြောင်းတရားတွေက သက်ရောက်လို့သာ အပြောင်းအလဲဖြစ်နိုင်တယ်။ သူတို့ဖာသာကိုယ်တိုင်ချိန်ညှိုနိုင်ခြင်းမရှိကြဘူး။ သက်မဲ့တွဖြေစ်ကြတာကြောင့်ဖြစ်တယ်။

သက်ရှိသတ္တဝါတွေမှာ စွမ်းရည်တွေရှိတဲ့အလျှောက် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စေ့ဆော်မှုတွေနဲ့ ရည်မှန်းချက်၊ ရည်ရွယ်ချက်တွေကို ရရှိအောင်လုပ်ဆောင်ကြတယ်။ တိရစ္ဆာန်တွေကတော့ သူတို့တည်ဆောက်ပုံဉာဏ်ရည်အပေါ်မူတည်လို့ ထင်ရှားတဲ့အကန့်အသတ်တစ်ခုထဲမှာ စွမ်းဆောင်နိုင်ကြတယ်။ လူသားကတော့ ဉာဏ်ရည်နဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ဟာ အံ့မခန်း ကြီးမားလွန်းလို့ သိသာမြင်သာတဲ့ အကန့်အသတ်အတွင်းမှာမရှိဘူး။ လူသားရဲ့လုပ်ဆောင်နိုင်မှုဟာ အဆုံးမရှိကျယ်ပြောတယ်လို့တောင် ထင်မြင်ရတယ်။ ဒါပေမယ့် အို၊နာ၊သခြေင်း မကင်းတဲ့ ရုပ်ခန္ဓာနဲ့ ထာဝရမတည်မြဲနိုင်တဲ့ ရုပ်လောကကို မှီခိုရတဲ့ လူသားဟာ အကန့်အသတ်မဲ့လုပ်ဆောင်နိုင်မှုစွမ်းရည်တော့ မရှိနိုင်ဘူးဆိုတာ ထင်ရှားသိသာပါတယ်။ သူ့ရဲ့စွမ်းဆောင်မှုဟာ ဘယ်နေရာမှာ ရပ်တံ့မလဲဆိုတာမသိနိုင်ပေမယ့် ဘောင်တစ်ခုမှာတော့ အဆုံးသတ်ရမှာဖြစ်တယ်။

[© Dave Cutler/Images.com]
တစ်ဦးတစ်ယောက်ဟာ မိမိလိုချင်တောင့်တတဲ့အရာကို ရရှိအောင် ကြိုးပမ်းရာမှာ စွမ်းရည်၊ စွမ်းအားတွေကို အသုံးချတယ်။ ဒီနေရာမှာ ဘာသာတရားတစ်ခုခုကို သက်ဝင်ယုံကြည်သူ (သို့) ထာဝရဘုရားကို သက်ဝင်ယုံကြည်သူနဲ့ ဘာသာတရားတစ်ခုကိုမှ သက်ဝင်ယုံကြည်ခြင်းမရှိသူတို့ဟာ အပေါ်ယံလုပ်ဆောင်မှုခြင်း တူလေ့ရှိကြပေမယ့် သူတို့ရဲ့ စွမ်းရည်၊ စွမ်းအားတွေအပေါ်မှာ အားကိုးအားထားပြုကြတဲ့အခါ စိတ်ပိုင်းဆိုင်ရာအလေးအနက်ပြုပုံ၊ အတိမ်အနက်မတူကြဘူး။ ဘာသာတရားတစ်ခုခုကို ယုံကြည်ခြင်းမရှိသူ တစ်နည်း ထာဝရဘုရားမဲ့ဝါဒသမားတွေမှာ သူတို့ရဲ့ ရုပ်ခန္ဓာ၊ စိတ်ခန္ဓာတွေရဲ့ စွမ်းအားတွေကို အဆုံးအစွန်ဆုံး အားကိုးအားထားရာအဖြစ်မှတ်ယူကြပြီး အားထုတ်မှုကို ပြုလုပ်ကြတယ်။ တစ်နည်းအားဖြင့် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်သူ၊ ဖန်တီးသူအဖြစ်မှတ်ယူကြတယ်။ သူတို့ဆီမှာ ဘာမဆိုဖြစ်အောင်လုပ်လို့ရနိုင်တယ်ဆိုတဲ့ စိတ်တစ်မျိုးရှိကြတယ်။ ကြိုးစားအားထုတ်ရင် ဘာမဆိုဖြစ်နိုင်တယ်။ ရနိုင်တယ် ဆိုတဲ့စိတ်ရှိကြတယ်။ သူတို့အတွက်သင်တစ်ခုခုကို မရရှိဘူးဆိုတာဟာ သင်ရဲ့ကြိုးစားအားထုတ်မှုမှာ ချို့ယွင်းတာသက်သက်အကြောင်းကြောင့်ဖြစ်တယ်လို့မှတ်ယူကြတယ်။

ဘာသာတရားတစ်ခုခုကို ယုံကြည်သူတွေနဲ့ ထာဝရဘုရားယုံကြည်သူတွေမှာတော့ မိမိရယူလိုတဲ့အရာတွေကို ရရှိအောင်ကြိုးစားတဲ့နေရာမှာ မယုံကြည်သူတွေနည်းတူ စွမ်းရည်၊ စွမ်းအားတွေကို ထပ်တူ အကောင်းဆုံးအသုံးချကြပေမယ့် ဒီစွမ်းရည်ကြိုးပမ်းအားထုတ်မှုတွေကို အဆုံးအစွန်ဆုံး အားကိုးအားထားရာအဖြစ်တော့မမှတ်ယူကြဘူး။ သူတို့ဟာ သူတို့ရဲ့ စွမ်းရည်တွေနဲ့ ကြိုးပမ်းအားထုတ်မှုတွေရဲ့ အထက်မှာ နှလုံးသွင်းမှုတစ်ခုထည့်ထားကြသေးတယ်။ အဲ့ဒါက ထာဝရဘုရားသခင်ဟာ ကြိုးပမ်းအားထုတ်မှုရဲ့ အသီးအပွင့်ကို ပေးတဲ့ကမ္ဘာကိုတော့ ဖန်တီးထားတယ် ဒါပေမယ့် ဒီရလာဒ်တွေရဲ့အဆုံးအစွန်ဆုံးပဲ့ကိုင် ဖန်တီးသူကတော့ ဒီစနစ်တစ်ခုလုံးကို ဖန်ဆင်းထားတဲ့ ထာဝရဘုရားရှင်ရဲ့ လက်ထဲမှာရှိတယ်လို့ မှတ်ယူနှလုံးသွင်းကြတာပဲဖြစ်တယ်။ ဒီလိုအားဖြင့် သူတို့ဟာ မိမိစွမ်းရည်သတ္တိတွေအပေါ်အလုံးစုံအားကိုးအားထားမှုကို စွန့်လွှတ်ပြီး ကိုယ့်သဘောကိုယ်ဆောင်ဖြစ်ရခြင်းအစား သူ့သဘောသူ့အလိုအတိုင်းနာခံရခြင်းကို ပိုပြီးလက်သင့်ခံလိုက်ကြတယ်။ ဒါကြောင့်သူတို့ဟာ ကိစ္စရပ်တွေကို လုပ်ဆောင်ရမယ့်နည်းလမ်းအတိုင်း အကုန်အပြည့်အစုံလုပ်ဆောင်ပြီးတဲ့အခါမှာ ဘုရားသခင်အလိုရှိပါစေ (God willing) ဆိုပြီးလုပ်ဆောင်မှုရဲ့ရလာဒ်ကို သူ့သဘောအတိုင်းဖြစ်စေတယ်။ အစ္စလာမ်ဘာသာမှာ ဒီသဘောကို ဖော်ကျူးဖို့အတွက် သက်ဝင်ယုံကြည်သူတွေကို "မွတ်စလင်" လို့နာမည်ပေးထားတယ်။ မွတ်စလင်ဆိုတာ ထာဝရဘုရားရဲ့အလိုကို " နာခံသူ " လို့အဓိပ္ပါယ်ရတယ်။ ဒီနေရာမှာ ကြိုးစားအားထုတ်မှုရဲ့ အသီးအပွင့်ကို ထာဝရဘုရားယုံကြည်သူတွေမှာကော၊ မယုံကြည်သူတွေထဲမှာပါ ဆွတ်ခူးရယူနိုင်ကြတာကိုသတိပြုရပါမယ်။ နယ်ပယ်အသီးသီးက ပညာရပ်ထူးချွန်သူတွေ၊ သိပ္ပံပညာရှင်တွေ အိုင်းစတိုင်း၊ နယူတန်လို့ ထာဝရဘုရားယုံကြည်သူတွေရှိသလို၊ သိပ္ပံပညာရှင် စတီဖင်ဟော့ကင်းလို့ ထာဝရဘုရားမယုံကြည်သူတွေလည်းရှိပါတယ်။

တကယ်တော့ ဘာသာတရားတစ်ခုခုကိုယုံကြည်သူတွေမှာ မိမိလုပ်ဆောင်မှုကို အဆုံးအစွန်ဆုံးအားထားရာအဖြစ်မမှတ်ယူကြဘူးလို့ ကျွန်တော်လေ့လာမိသလောက် သတိပြုမိတယ်။ ခရစ်ယာန် သမ္မာကျမ်းစာမှာ အလားတူ ကြိုးပမ်းအားထုတ်မှုသက်သက်ဟာ ယုံကြည်သူတစ်ဦးအတွက် အဆုံးအစွန်ဆုံးအားထားရာ မဟုတ်ကြောင်း ရောမသြဝါဒစာစောင် အခန်းကြီး (၉) အခန်းငယ် (၁၆)မှာ ခုလိုဖတ်ရှုရလိမ့်မယ်။ 
" ထို့ကြောင်လိုချင်သောသူသည် တတ်နိုင်သည်မဟုတ်။ ပြေးသောသူသည် တတ်နိုင်သည်မဟုတ်။ ကျေးဇူးပြုတော်မူသော ဘုရားသခင်သာလျှင် တတ်နိုင်တော်မူ၏"

ဒါ့အပြင် ဗုဒ္ဓဘာသာမှာလည်း " အတ္တာဟိအတ္တာနော နာထော" မိမိကိုယ်မှအပအားကိုးအားထားရာမရှိဆိုတာ ကြိုးစားအားထုတ်မှုဟာ မိမိကံကြမ္မာကို ပြုပြင်တည့်မတ်နိုင်၊ လိုချင်တဲ့အရာတွေကို ရရှိအောင်စွမ်းနိုင်ဖို့အကြောင်းခံဖြစ်တယ်ဆိုထားပေမယ့် ဝိပဿနာဉာဏ်စဉ်ဖြစ်တဲ့ " အနတ္တ " အစိုးမရခြင်း တစ်နည်း ကိုယ့်သဘောအတိုင်းမဖြစ်ဘဲ သူ့သဘောသူဆောင်ဖြစ်ပျက်ခြင်းကိုလက်ခံနှလုံးသွင်းခြင်းဟာ ပိုအဆင့်မြင့်တဲ့ နှလုံးသွင်းမှုဖြစ်နပြေန်တယ်။ ကိုယ့်ကိုယ်ကို အဆုံးစွန်အထိအားထားခြင်းမှာ မာနတရားကျန်ရှိနေနိုင်တယ်။ မဟာစည် ဆရာတော်ဘုရားကြီးက 'အသ္မိမာန' လို့ခေါ်တဲ့ မာနတရားပျောက်ရအောင် အနတ္တလက္ခဏာသုတ်ကို မြတ်ဗုဒ္ဓဟောတယ်လို့ဆိုတယ်။ ဒီနေရာမှာ ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ ထာဝရဘုရားကိုးကွယ်သူတစ်ဦးလိုပဲ ကြိုးပမ်းအားထုတ်မှုတွေရှိကြပေမယ့် ကြိုးပမ်းမှုအပေါ်အဆုံးအစွန်ဆုံးအားကိုးအားထားမပြုနိုင်ဘဲ သူ့သဘောသူဆောင်ဖြစ်ပျက်တာ (အနတ္တသဘော) ကို အန္ဓိမနှလုံးသွင်းလက်ခံရတယ်။

လူ့စွမ်းရည်နဲ့ကြိုးစားအားထုတ်မှုတွေကို ဘာသာတရားယုံကြည်သူတွေနဲ့ ဘာသာတရားတစ်ခုခုကို ယုံကြည်ခြင်းမရှိသူတွေမှာ ဘယ်လောက်အတိုင်းအတာထိ အားကိုးအားထားပြုကြသလဲဆိုတာကို သုံးသပ်စဉ်းစားမိတာပါ။ ဖတ်ရှုတဲ့အတွက်ကျေးဇူးပါ။

အောင်သန်းလွင်
ကိုးကား - အရှင်နန္ဒမာလာဘိဝံသ (Ph. D) - အနတ္တလက္ခဏသုတ် အနှစ်ချုပ် တရားဒေသနာတော်

Thursday, December 3, 2015

အနတ္တဝါဒကို နားလည်ကြည့်မိခြင်း

လူတွေမှာ ဝါသနာတစ်မျိုးစီ ဒါမှမဟုတ် တစ်မျိုးထက်ပိုရှိတတ်ကြတယ်။ စာဖတ်တာ၊ ခရီးသွားတာ၊ ရုပ်ရှင်ကြည့်တာ၊ ရေကူးတာ စသဖြင့် ...။ ကိုယ့်မှာလည်း ဝါသနာတစ်ချို့ရှိတဲ့အထဲက ဘာသာရေးစာပေတွေ၊ လူ့သမိုင်းတွေမှာ စိတ်ဝင်စားတယ်။ ပြောရရင်ပိုသိချင်တယ်။ ဘာသာရေးစာပေတွေကို ဖတ်ရတာလေ့လာရတာ ဝါသနာပါလို့ သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ စကားဆက်စပ်ပြောဖြစ်တယ်။ ဘာသာရေးကိုင်းရှိုင်းတာနဲ့ စာပေအကြောင်းအရာတွေ စိတ်ဝင်စားတာနဲ့တော့ အတိအကျကြီး ထပ်တူမကျပါဘူး။ တစ်ခါတစ်လေ ကိုယ်သိထားတာလေးတွေမျှဝေတယ်။ တစ်ခါတစ်လေ တခြားသူတွေသိထားတာ နားထောင်တယ်။ ဘာသာရေးအကြောင်းအရာတွေဟာ တစ်ခါတစ်လေ ပြောလေ့ပြောထရှိတဲ့တခြားအကြောင်းအရာတွေလိုပဲ ရံဖန်ရံခါ အပြန်အလှန်ပြောရမယ့် အကြောင်းအရာတစ်ခုဖြစ်တယ်လို့မြင်မိတယ်။ စကားပြောဖြစ်တဲ့သူငယ်ချင်းတွေနဲ့တော့ အပြန်အလှန်လေးစားမှုတစ်ခုရခဲ့တယ်၊ နားလည်မှုတစ်ချို့ရခဲ့တယ်။ တစ်ချို့ကတော့ ဘာသာရေးတွေမပြောတာ ကောင်းတယ်တဲ့ ...။

ဗုဒ္ဓဘာသာဝင်တွကြေားထဲနေလာ၊ စာအုပ်တွေဖတ်၊ တရားတွေနားစိုက်မထောင်လည်း အလိုလိုကြားနေရတော့ ဗုဒ္ဓဘာသာအကြောင်းအတန်အသင့်တော့ သိနားလည်တယ်။ ကိုယ်က အစ္စလာမ်ဘာသာအဖြစ်မွေးလာတော့ အရွယ်ရလာတာနဲ့အမျှ နားလည်လာတဲ့အချိန်မှာ ကိုယ်သိထားတဲ့အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာသဘောတရားလေးတွေမှာ ချိန်ထိုးနားလည်ကြည့်တတ်လာတယ်။ ဗုဒ္ဓဘာသာဝင်အများစုက ဘုန်းတော်ကြီးတွေ မကြာခဏတရားဟောတဲ့အပေါ်အခြေခံပြီး အစ္စလာမ်ဘာသာ/ခရိယာန်ဘာသာတွေဟာ ဟိန္ဒူဘာသာလိုပဲ အတ္တဝါဒလို့ သိထားကြတယ်/မြင်ထားကြတယ်။ ဘာလို့ဒီလိုမြင်ထားကြတာလဲ ? အစ္စလာမ်ဘာသာတရားမှာ သူ့ဘာသာဖြစ်တည်နေတဲ့ ဒါမှမဟုတ် ဖန်ဆင်းခံရတဲ့ ဝိညာဉ်ကောင် (သို့) အတ္တကောင်လေး လူတိုင်းမှာရှိနေတယ် ထင်မှတ်ထားကြလို့ပါပဲ။ ဒါကို အခြေခံပြီး အစ္စလာမ်ဘာသာဟာ မိစ္ဆာဒိဌိတစ်မျိုးဖြစ်တယ်။ ဘယ်အမျိုးအစားထဲပါသလဲလို့ဆိုရင် သဿတဒိဌိလို့ဆိုတယ်။ သဿတဒိဌိရဲ့ အဓိပ္ပါယ်ကို မဟာဂန္ဓာရုံဆရာတော်ကြီးက ခုလိုရှင်းပြတယ်။ 

"သေလျှင်မပြတ်ဘူး၊ ဒိဌိတော့ ဒိဌိပဲ၊ သူက ဟိုဘက်ဘဝရှိသေးတယ်။ ကောင်းတာလုပ်ရင် ကောင်းကျိုးရလိမ့်မယ်။ မကောင်းတာလုပ်ရင် မကောင်းကျိုးရလိမ့်မယ်။ သဿတဒိဌက အယူတော့ မှားတယ်။ ဘယ်လိုမှားတုန်းဆို ခန္ဓာကိုယ်ထဲမှာ အကောင်လေးရှိတယ်။ ဒီအကောင်လေးက ဟိုဖက်လိုက်သွားတယ်။ ဒါကြောင့်အကောင်ကလေးရှိတယ်ဆိုတော့ မှားသွားတာ။ နောက်ဘဝရှိတယ်လို့ ယုံတာ မိစ္ဆာဒိဌိမဟုတ်၊ အကောင်လေး၊ အသက်ကောင်ကလေး၊ ဝိညာဉ်ကောင်ကလေး၊ အတ္တကောင်ကလေးရှိတယ်လို့ ဒီလိုယူထားလို့ အယူမှားပြီး မိစ္ဆာဒိဌိဖြစ်တာ"

အင်းဒီလိုဆိုတော့ ဟုတ်ပြီ။ ဘာလို့ဒီလိုအတ္တကောင်လေးရှိနခြေင်းက ဒိဌိအယူမှားခြင်းဖြစ်ရတာလဲ စဉ်းစားကြည့်မယ်။ အကြောင်းက မပျက်မစီးဘဲ ဘဝတစ်ခုကနေတစ်ခု ကူးပြောင်းလှည့်ပတ်နေတဲ့ အတ္တကောင်လေးဟာ အင်္သာရ (မြဲမြဲခြင်း) သဘောဆောင်နေလို့ပဲ။ မြဲတဲ့အရာ၊ မပျက်မစီးတဲ့အရာ၊ ကောင်းမှု၊ မကောင်းမှုကို အပြည့်အဝလုပ်ဆောင်နိုင်တဲ့ အရာ၊ ကံ, ကံ၏အကျိုး - လုပ်ကိုင်တယ် လုပ်တဲ့အတိုင်းဖြစ်တယ်၊ မုချစွမ်းဆောင်နိုင်တယ်လို့ ယုံကြည်ခြင်းအရာတွေဟာလည်း အတ္တသဘောဖြစ်တယ်။ ဒီနေရာမှာ အနတ္တရဲ့ အဓိပ္ပါယ်က ကိုယ်အလိုအတိုင်းမဖြစ်ဘဲ သူ့သဘောအတိုင်းဖြစ်ခြင်း- တစ်နည်းအားဖြင့်သူ့သဘောသူဆောင်ဖြစ်ခြင်းကို နာခံရခြင်းလို့ဆိုလိုတာကို သိထားရမယ်။ အတ္တဝါဒကို ရည်ညွှန်းတဲ့ မြတ်ဗုဒ္ဓရဲ့ သုတ္တန်တစ်ခုမှာ ခုလိုတွေ့ရတယ် .. " မသင့်သောအားဖြင့် နှလုံးသွင်းသောသူအား ငါ၏ကိုယ်သည် ပြောဆိုစီရင်တတ်၏။ သိတတ်၊ ခံစားတတ်၏။ ကောင်းမှု၊ မကောင်းမှု၏ အကျိုးကို ခံစားရ၏။ အခါခပ်သိမ်းရှိ၏။ ဖောက်ပြန်ခြင်းမရှိ။ မြကြေီး မြင်းမိုရ်တောင် လ၊ နေ တို့ကဲ့သို့ အမြဲတည်သည်ဟူသော အယူသည်ဖြစ်၏။ " (မဇ္ဈိမနိကာယ်၊ သဗ္ဗာသဝသံဝရသုတ်) 

ဒီအထက်ကသုတ္တန်ကို ဟိန္ဒူဝါဒ ဥပါဒ်နိသျှကျမ်းက အတ္တဝါဒကိုထောက်ပြတယ်လို့လည်းဆိုကြတယ်။ ဒါဆို တကယ်ပဲ အစ္စလာမ်ဘာသာမှာ အဲ့ဒီလိုမပျက်မစီးဘဲ မြဲမြံနေတဲ့ အတ္တကောင်တစ်ကယ်ပဲရှိသလား ? တကယ်တော့ ရိုးရိုးရှင်းရှင်း စဉ်းစားကြည့်ရင် အစ္စလာမ်ဘာသာမှာ လူသားဟာ (ရုပ်ကော၊စိတ်ဝိညာဉ်) ပါ ဖန်ဆင်းခြင်းခံရတယ်လို့ဆိုပြီးသားဖြစ်တယ်။ မရှိရာကနေ ရှိရာကို ဖန်ဆင်းခံရတဲ့အရာ ဒါမှမဟုတ် အစရှိတဲ့အရာဟာ အဆုံးမရှိဘဲ ဒါမှမဟုတ် မပျက်မစီးဘဲ အမြဲတည်နေပါ့မလား ? ဒါဟာ မဖြစ်နိုင်ပါဘူး။ အစ္စလာမ်ဘာသာမှာ ရုပ်နဲ့စိတ်နှစ်မျိုးကိုပဲ အဓိကထားပြောပြတယ်။ ရုပ်နဲ့စိတ်ဝိညာဉ်က ဘယ်လိုမျိုးလဲ? အလွယ်ကူဆုံးဥပမာပေးရရင် စိတ်ထဲမကျေမနပ်ဖြစ်ပေမယ့် ပြုံးပြရတဲ့အခါကို စဉ်းစားကြည့်၊ ရုပ်ကပြုံးနေပေမယ့် စိတ်က မကျေနပ်ဘူး။ စိတ်နဲ့ ရုပ်သဘောကို မြင်သွားပြီ။ ဒါပေမယ့် စိတ်နဲ့ ရုပ်ဟာ အစ္စလာမ်ဘာသာအလိုအရ သီးခြားစီမဟုတ်ဘူး။ တစ်နည်းပြောရရင် ရုပ်ခန္ဓာမရှိဘဲ စိတ်ဟာ သီးခြားမရပ်တည်နိုင်ဘူး။ စိတ်ကလည်း တဖန် ခန္ဓာကိုယ် အနောက်ကိုလိုက်တယ်။ တကယ်လို့ ခန္ဓာကိုယ်ရုပ်ကြီးက ရှေ့ကိုတိုးသွားမယ်ဆိုရင် စိတ်ကလည်း ခန္ဓာကိုယ် ရွေးလျားမှုနဲ့အတူပါသွားတာပဲ။ (လူရထားပေါ်ပါသွားရင်၊ စိတ်လည်း ရထားပေါ်သွားတယ်)။ နောက်အစ္စလာမ့်သဘောတရားတစ်ခုက စိတ်နဲ့ရုပ်ဟာ အပြန်အလှန်သက်ရောက်မှုရှိတယ်။ ဥပမာ လူတစ်ယောက်က စိတ်မှာ ဝမ်းနည်းခြင်းကို ခံစားရတဲ့အခါ ရုပ်ခန္ဓာမှာ မျက်ရည်ကျလာတယ်။ စိတ်ကနေ ရုပ်ခန္ဓာကို သက်ရောက်တာ။ နောက်အပြန်အလှန်အနေနဲ့ အကြောင်းတစ်ခုခုကြောင့် ဦးခေါင်းကို ခိုက်မိထိခိုက်ဒဏ်ရာရမယ်ဆိုရင် စိတ်ဝိညာဉ်မှာ မေ့လျော့တာ၊ မှတ်ဉာဏ်ဆုံးရှုံးတာတွဖြေစ်နိုင်တယ်။ ဒါက ရုပ်ကြောင့် စိတ်ဝိညာဉ်မှာ သက်ရောက်မှုဖြစ်တာ။ ဒါဟာ ဘယ်လောက်တောင်ထင်ရှားသလဲဆိုရင် တကယ်လို့ လူဟာအသက်ကြီးလား ရုပ်ခန္ဓာဟာ အလွန်အမင်းအိုမင်းလာရင် စိတ်ကလည်း အိုမင်းမစွမ်းနိုင်တော့ဘူး။ သတိမေ့တတ်လာတယ်။ စိတ်အားလျော့လာတယ်။ အားငယ်တတ်လာတယ်။ တစ်ချို့လူကြီးတွေမှာ သူငယ်ပြန်လာတယ်။ နောက်ဆုံးရုပ်ခန္ဓာသေဆုံးတဲ့အချိန်မှာတော့ အစ္စလာမ့်သဘောအရ စိတ်ဝိညာဉ်ပါသေဆုံးသွားတယ်။ အစ္စလာမ်မှာ သေဆုံးသွားတဲ့ ရုပ်ခန္ဓာကို မြမြေုပ်တယ်။ ဒါနဲ့အတူ တနည်းအားဖြင့် စိတ်ဝိညာဉ်ပါ မြမြေုပ်ခံရပြီး ပျောက်ဆုံးသွားပြီဖြစ်တယ်။ ဘာအတ္တကောင် ဘာဝိညာဉ်မှမရှိတော့ဘူး။ ကျမ်းမြတ်ကိုရ်အာန်မှာ အသက်အရွယ်ကြီးရင့်လာတာနဲ့ စိတ်ကလည်းအားနည်းလာမယ်ဆိုတာကို ခုလိုဖော်ပြထားတယ် " ကြီးရင့်သောအရွယ်၌ လူသည် တစ်ခုသောအဆင့်သို့ရောက်ရှိ၏။ ထိုအဆင့်၌သူသည် ယခင်ကရရှိပြီးသော အသိပညာများအားလုံးကို ဆုံးရှုံးရလေသည်။ " (ကိုရ်အာန် - ၂၂း၅)

ဒါတင်မက ကျမ်းတော်မြတ်ကိုရ်အာန်မှာ လူအပါအဝင် စကြာဝဠာခမ်သိမ်းအားလုံးဟာ မမြဲဘဲတစ်ချိန်မှာ ပျောက်ပျက်သွားမှာဖြစ်ပြီး ဘုရားသခင်တစ်ပါးတည်းသလျှင် ကျန်ရစ်မှာဖြစ်ကြောင်း မိန့်ကြားထားတယ်။ " ကမ္ဘာမြေပေါ်တွင် ရှိရှိသမျှသော အရာခပ်သိမ်းတို့သည် လုံးဝပျောက်ပျက်ရမည်သာတည်း။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ဘုန်းတန်ခိုးကျက်သရေ ဂုဏ်အင်အပေါင်းနှင့် ပြည့်စုံတော်မူသော အရှင်၏ မျက်နှာတော်သာလျှင် ကျန်ရှိနေတော်မူအံ့ " (ကိုရ်အာန် - ၅၅း၂၆-၂၇)

ဒါဆို နိဗ္ဗာန်တို့ ငရဲတို့ ကို သွားမယ့်သူတွေက ဘယ်လိုပြန်ဖြစ်လာမှာလဲ? ဘုရားရှင်က ဖန်ဆင်းခြင်း အသစ်တစ်ခုကိုပြုလုပ်မှာဖြစ်တယ်။ ဒီဖန်ဆင်းခြင်းက သူတို့လုပ်ခဲ့တဲ့ ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ ထပ်မံဖန်ဆင်းခြင်းဖြစ်တယ်။ (ဗုဒ္ဓဘာသာမှာ အလားတူ ဘဝကူးတဲ့အခါ ခန္ဓာကိုယ်ထဲကဝိညာဉ်ထွက်သွားပြီး ကူးတယ်လို့မယုံဘဲ ယခုဘဝမှာလုပ်ခဲ့တဲ့ကောင်းမှုမကောင်းမှုအကျိုးဆက်ကနေ နောက်ဘဝဖြစ်တယ်လို့ ယုံကြည်တယ်။ ဤကားမှတ်ချက်။)


လူ့လောကမှာ ဒီအနတ္တသဘောတရား ပြုပြင်စီရင်ခြင်းခံရတဲ့သဘောတရား၊ လည်ပတ်ပုံကို ပဋိစ္စသမုပ္ပါဒ် နဲ့ ဖော်ပြတယ်။ ထူးခြားချက်တစ်ခုက (အစ္စလာမ့်သဘောနဲ့တူတာက) မြတ်ဗုဒ္ဓပွင့်ရာ အိန္ဒိယနိုင်ငံ အဇန္တလှိုဏ်ဂူ နံရံမှာ ရေးဆွဲထားတဲ့ သင်္ခါရတရားကိုဖော်ပြတဲ့ ပုံတွေမှာ အိုးထိန်းစက်၌ အိုးထိန်းသည်က အိုးတွပြေုလုပ်နေပုံကို ဖော်ပြထားတယ်။ ဒါပေမယ့် တိဗက်ရောက်တဲ့ ပန်းချီကားတွေမှာတော့ အိုးထိန်းသည်ကို မတွေ့ရတော့ဘူး။ အလားတူ ဂျပန်ရောက်တဲ့ ပန်းချီကားတွေမှာလည်း အိုးထိန်သည်ကို မတွေ့ရဘူး။ (Mrs Rhys David- Buddhist Origin) 

ဒါကို ကြည့်ရင် အိုးထိန်းသည် တနည်းအားဖြင့် ထာဝရဘုရား ရှိခြင်းက အနတ္တဝါဒကို သတ်မှတ်တာဖြစ်နိုင်သလို လူအပါအဝင်စကြာဝဠာခပ်သိမ်းရဲ့ မြဲမြံခြင်း မမြဲခြင်း၊ အစဉ်သဖြင့် ရှိခြင်း မရှိခြင်း၊ လူရဲ့အပြည့်အဝစွမ်းနိုင်ခြင်း မစွမ်းနိုင်ခြင်း စတာတွေကိုသုံးသပ်ပြီးလည်း အနိစ္စ၊ နိစ္စ၊ အနတ္တ၊ အတ္တ သတ်မှတ်နိုင်တာကို သတိထားမိမယ်။ တနည်းအားဖြင့် လူကို အထူးပြုပြီး အနတ္တကို အဓိပ္ပါယ်ဖွင့်ရင် အခြားဘာသာတရားတွေမှာ လူကို ကြည့်ပြီးသုံးသပ်ရမယ်။ ကိုယ့်ဆီမှာ လူရဲ့ အနေအထားကို သုံးသပ်ရင် တခြားတစ်ဘက်မှာလည်း ထပ်တူညီတဲ့ လူရဲ့အနေအထားကိုပဲသုံးသပ်သင့်တယ်။တစ်ချို့ကတော့ ဗုဒ္ဓဘာသာမှာ လူက အနတ္တလို့ယူတယ်။ အစ္စလာမ်ဘာသာမှာ လူက အခုပြောပြတော့ အနတ္တတော့ ဟုတ်ပါပြီ ဒါပေမယ့် ထာဝရဘုရားရှိနေတော့ အတ္တလို့ဆိုဦးမယ် ဆိုရင် နှိုင်းယှဉ်တာထပ်တူမကျတာကို သတိပြုရမယ်။ အိနိ္ဒယလှိုဏ်ဂူကပန်းချီ ဥပမာကို ကြည့်ရင် အိုးထိန်းသည်ပါပြီး အနတ္တဝါဒကို ဖော်ပြနိုင်တာကို သတိထားမိမယ်။ ဒီလိုဆိုရင် ဗုဒ္ဓဘာသာသဘောတရားအရအနတ္တဝါဒကို အစ္စလာမ်မှာလည်းအလားတူ တွေ့နိုင်တာကို သတိပြုမိပါလိမ့်မယ်။

အောင်သန်းလွင်
(စာရေးသူ၏ ကိုယ်ပိုင်အမြင်သာ...။)

Monday, December 15, 2014

အချို့မွတ်စလင်များမှ အမျိုးသမီးဆွေမျိုးများအား ဂုဏ်သိက္ခါအတွက်သတ်ဖြတ်ခြင်း (Honour Killings)

မကြာသေးမီက လက်မထပ်ရသေးဘဲ ကိုယ်ဝန်ရှိလာတဲ့ မွတ်စလင်အမျိုးသမီးတစ်ဦးကို သူ့ရဲ့အစ်ကိုနဲ့မောင်တွေက သတ်ဖြတ်ခဲ့ကြပါတယ်။ သူတို့က ဒီလုပ်ရပ်ကို မိဘမျိုးရိုးရဲ့ ဂုဏ်သိက္ခါကို ကာကွယ်တဲ့အနေနဲ့သတ်ဖြတ်တယ် (သို့) ဂုဏ်သိက္ခါအတွက် သတ်ဖြတ်ခြင်း (Honour Killing) လို့ မှတ်ယူကြပါတယ်။ စိတ်မကောင်းစရာက အစ္စလာမ်သာသနာမှာ " ဘုရားရှင်(အလ္လာဟ်) အတွက် " ဆိုပြီးလုပ်တဲ့လုပ်ရပ်တွေမှာ မသိမိုက်မဲတဲ့ လုပ်ရပ်တွေအမြောက်အများရှိနေတာပဲဖြစ်တယ်။ ဒါတွေက စစ်မှန်တဲ့ အစ္စလာမ်သာသနာနဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ပြောရမှာဖြစ်တယ်။ ဒါတွေဟာ မစဉ်းစားဘဲရှေးရိုးအစဉ်အလာအတိုင်းလိုက်ခြင်း သို့မဟုတ် အသိဉာဏ်နည်းပါးခြင်းသာဖြစ်ပါတယ်။ ကံမကောင်းစွာပဲ ယနေ့ မွတ်စလင်တွေဟာ ဘုရားရှင်(အလ္လာဟ်အရှင်မြတ်) ကို ကြောက်ရမယ့်အစား သူတို့ရဲ့ ဆွေမျိုးတွေ၊ အသိုင်းအဝိုင်းတွေ တနည်းအားဖြင့် လူတွေကိုကြောက်ရွံ့နကြေပါတယ်။

တနည်းဆိုရရင် သူတို့ဟာ သူတို့ဆွေမျိုးအသိုင်းအဝိုင်းတွေပျော်ရွှင်ဖို့အတွက် အစ္စလာမ်သာသနာရဲ့ သင်ကြားချက်တွေနဲ့ ဆန့်ကျင်နေမယ့်အရာမျိုးတွေ လုပ်ကြဖို့ ဝန်မလေးကြဘူး။ ဒီမိန်းကလေးရဲ့ အစ်ကိုမောင်တွေရဲ့ လုပ်ရပ်ဟာ အစ္စလာမ့် သွန်သင်ချက်မဟုတ်ပါ။ မည်သူတစ်ဦးတစ်ယောက်ကမျှ အခြားသူတစ်ဦးတစ်ယောက်ကို ယခုကဲ့သို့ သတ်ဖြတ်ခြင်းမပြုနိုင်ပါ။ တစ်စုံတစ်ယောက်က သင့်ရဲ့ မိသားစုဝင်တစ်ဦးကို သတ်ဖြတ်ခဲ့မယ်ဆိုရင် သင်ဟာ လက်စားချေခွင့် (သို့) သင့်တော်တဲ့ တုန့်ပြန်မှုကို ရထိုက်ပါတယ်။ ဒါဟာ ကျူးလွန်တဲ့သူကို သေဒဏ်ပေးတာ သို့ ငွေဒဏ်ပေးတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့ဒီအမှုအခင်းကို အရင်စစ်ဆေးရပါမယ်။ ဥပဒေကြောင်းအရအပြစ်ဒဏ်ပေးခြင်းသာဖြစ်သင့်ပြီး မည်သည့်နည်းနှင့်မျှ သင်ကိုယ်တိုင် စီရင်ခွင့်မရှိပါ။ အထက်ကဖော်ပြတဲ့ ဖြစ်စဉ်မှာ စုံတွဲဟာ လက်မထပ်ဘဲ ကာမေသုမိစ္ဆာမှုကိုကျူးလွန်ခဲ့တာပါ။

လိင်မှုကိစ္စဖောက်ပြန်ခြင်း သို့ ကာမေသုမိစ္ဆာမှုကို ကျူးလွန်တဲ့သူကို ကျောက်ခဲနဲ့ သေအောင်ပေါက်သတ်ရမယ်လို့ မွတ်စလင်တော်တော်များများက ယုံကြည်ကြပါတယ်။ တကယ်တော့ ဒီပြစ်မှုကျူးလွန်သူကို ခုလိုအပြစ်ပေးတာဟာ ဂျူးဘာသာ(ဓမ္မဟောင်း-တရားဟောရာကျမ်း - ၂၂: ၁၃ -၂၁) ကျမ်းစာအလိုအရသာဖြစ်ပါတယ်။ တမန်တော်မြတ်က ကျမ်းတော်မြတ်ကိုရ်အာန်အပြည့်အစုံ မကျရောက်သေးခင်က တစ်ခါတစ်ရံမှာ ဂျူးတွေရဲ့ဓမ္မဟောင်းကျမ်းလာဥပဒေကို အသုံးပြုပါတယ်။ ကိုရ်အာန်ကျမ်းစာမှာ ဒီပြစ်ဒဏ်အတွက် ကြိမ်ဒဏ် အချက် (၁ဝဝ) ဆိုတဲ့ ကိုရ်အာန်မုက္ခပတ်တော်( အစ္စလာမ့်ဥပဒေ )ကျရောက်ပြီးတဲ့နောက်မှာတော့ ပြစ်မှုကျူးလွန်တဲ့ မွတ်စလင်ရဲ့အပြစ်ဒဏ်က ပြောင်းလဲသတ်မှတ်ပြီးဖြစ်ပါတယ် (ကြိမ်ဒဏ်သာလျှင်ဖြစ်)။ ဒီလိုအခြေအနေမျိုးတော့ရှိပါတယ်။ အဲ့ဒါက တကယ်လို့ ဂျူးဘာသာဝင်တစ်ဦးဟာ တမန်တော်မြတ်ထံကို ဒီမကောင်းမှုနဲ့ ပတ်သတ်ပြီး အပြစ်ဒဏ်ပေးဖို့လာရောက်ပြောကြားတယ်ဆိုရင် ဒီအခြေအနေမျိုးမှာ သူ့ကို အစ္စလာမ့်ဥပဒေကို ရွေးမလား ဂျူး (ဓမ္မဟောင်း) ဥပဒေကို ရွေးချယ်မလားဆိုတာ မေးမြန်းမှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဂျူးဘာသာဝင်ဟာ ဓမ္မဟောင်းဥပဒေကိုသာရွေးချယ်ရမှာဖြစ်ပြီး တကယ်လို့ သူဟာ အစ္စလာမ့်ဥပဒေကို ရွေးချယ်မယ်ဆိုရင်တော့ သူဟာ အစ္စလာမ်ဘာသာဝင်ဖြစ်လာရမှာဖြစ်ပါတယ်။ ဒါပေမယ့် ယနေ့ကာလရဲ့ (အစ္စလာမ့်ဘာသာရေးခေါင်းဆောင်) အချို့ဟာ အခန်းကြီး ၂၄ အခန်းငယ် ၃ က ကျမ်းမြတ်ကိုရ်အာန်ရဲ့ သွန်သင်ချက်ကို ကျော်လွန်ပြီး ကျောက်ခဲနဲ့ပေါက်သတ်တဲ့ ဟဒီးစ်ကို အတင်းအဓမ္မလက်ခံစကြေပါတယ်။ မွတ်စလင်အများစုကလည်း ဒီမော်လဝီတွေရဲ့ ဆုံးဖြတ်ချက်ကို လက်ခံကြပါတယ်။ တကယ်တော့ ကြိမ်ဒဏ်အချက်တစ်ရာ သတ်မှတ်တယ်ဆိုရင်တောင်မှ ကျူးလွန်တဲ့အဖြစ်အပျက်ကို မျက်မြင်သက်သေလေးယောက်ရှိရပါမယ်။ ကိုယ်ဝန်ရှိတာတစ်ခုတည်းနှင့်မလုံလောက်ပါ။ ဒါ့အပြင် ကြိမ်ဒဏ်ဟာ အရိုးမကျိုးစေရဘူး။ အသက်မသေစေရပါဘူး။ အရပြေားကိုသာထိခိုက်စေရပါမယ်။ အကြောင်းက ကြိမ်ဒဏ်ကို လူထုကြားမှာ ပေးရတဲ့ ရည်ရွယ်ချက်က ကျူးလွန်သူအတွက် အရှက်ရစေအောင်ဖြစ်ပြီး သူ့ကိုသတ်ဖို့ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရစေဖို့မဟုတ်ပါ။

တစ်ခါတစ်ရံမှာ တစ်ချို့မိဘတွေဟာ ဒီလိုကိစ္စမျိုးတွေကို တားမြစ်ဖို့ သူ့တို့သားသမီးတွေကို အယူပြင်းတဲ့ပါကစ္စတန်လို အစရှိတဲ့တိုင်းပြည်မျိုးကိုပို့ချင်ကြတယ်။ တစ်ချို့တစ်လေကလည်း ကျူးလွန်သူကို အဆက်အသွယ်ဖြတ်ပစ်တာ၊ စွန့်လွှတ်ပစ်တာ စတဲ့ ပိုအစွန်းရောက်တဲ့အပြုအမူတွပြေုလုပ်ကြတယ်။ ဒီနည်းလမ်းတွေသုံးနိုင်ပေမယ့် ထိရောက်တဲ့အပြစ်ပေးနည်းမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ကို သတ်ဖြတ်တာကိုတော့ အစ္စလာမ်က လုံးဝခွင့်မပြုပါဘူး။ ဂုဏ်သိက္ခါ (အီဇာတ်) ဟာ မွတ်စလင်မိသားစုတွေအတွက် အလွန်ပဲအရေးပါပါတယ်။ သူတို့ဟာ တခြားမိသားစုဝင်တွေကို မျက်နှာချင်းဆိုင်ရမှာနဲ့၊ အသိုင်းအဝိုင်းထဲမှာ အရှက်တကွဲအကျိုးနည်းဖြစ်မယ့်အစား တစ်ဖက်စွန်းတစ်ခုခုရောက်တဲ့အပြုအမူတွေကိုလုပ်ဆောင်ပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာတော့ မွတ်စလင်တွေရဲ့ တာဝန်ဟာ အလ္လာဟ်အရှင်မြတ်ရဲ့ နှစ်သက်မှုကို ရှာမှီးရမှာဖြစ်ပြီး အရှင်မြတ်ရဲ့ အမျက်တော်ကိုကိုရှောင်ရှားရမှာဖြစ်တယ်။ ဒါ့ကြောင့် မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းမှာ မျက်နှာမပျက်ရအောင် အစ္စလာမ့်နည်းလမ်းမကျတဲ့အရာတွေကို လုပ်ဆောင်တာမျိုးမလုပ်ဘဲ ဘုရားရှင်နှစ်သက်မှုကို ဦးစားပေးရမှာဖြစ်တယ်။ ဒီအထောက်အထားတွေအရ "ဂုဏ်သိက္ခါအတွက်သတ်ဖြတ်ခြင်း" ဆိုတဲ့လုပ်ရပ်ဟာ အစ္စလာမ်နဲ့ မဆိုင်ဘဲ ကိုရ်အာန်ကျမ်းမြတ်ကလည်း လုံးဝထောက်ခံမှုမပြုတာကိုတွေ့ရမှာဖြစ်တယ်။


Source: www.Understand-Islam.org 

အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။

Wednesday, September 10, 2014

မိုဟမ္မဒ် (Muhammad) (570-632) ဒေါက်တာ သန်းထွန်း (ကျော်စွာ ၁၀၀)

 မုဟမ္မဒ် (Muhammad) ကို ကမ္ဘာ့သြဇာအရှိဆုံး ပုဂ္ဂိုလ်ထဲမှာ ထိပ်ကထည့်လိုက်တာကို တချို့လဲ အံ့သြမယ်၊ တချို့လည်း ဟုတ်ရဲ့လားကွယ်လို့ မေးခွန်းထုတ်မယ်။ သမိုင်းကို ပြန်ကြည့်ရင် ကိုးကွယ်ယုံကြည်မှုဘက်၊ ပြည်ရေးရွာမှုဘက် နှစ်ဖက်စလုံးမှာ အကြီးအကျယ်အောင်မြင်ခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။

 အညတြအနေက ကမ္ဘာ့အကြီးဆုံး ကိုးကွယ်ယုံကြည်မှုတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ယုံကြည်မှုကို ပေါ်ထွန်းစေတယ်။ အင်မတန် တန်ခိုးသြဇာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်လည်း ဖြစ်ခဲ့တယ်။ ကွယ်လွန်ခဲ့တာ အနှစ်တစ်ထောင့်သုံးရာရှိပေမယ့် မုဟမ္မဒ်ရဲ့ သြဇာကြီးမား ရှင်သန်လျက်ရှိပါသေးတယ်။

မွတ်စလင် အင်ပါယာ (Muslim Empire) ခုနှစ်အလိုက် ကျယ်ပြန့်တိုးတက်လာပုံ

     ဒီကျမ်းထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်အများစုဟာ နိုင်ငံရေးအရ ဆုံလည်လို့ အချက်အချာဒေသ၊ ဓလေ့အရာမှာလည်း အမြင့်ဆုံးဒေသ၊ ယဉ်ကျေးမှု ဘက်မှာလည်း ဗဟိုဆိုတဲ့နေရာတွေမှာပဲ မွေးဖွားခဲ့တဲ့အချက်ဟာ ဒီပုဂ္ဂိုလ်တွေအတွက် အခြေခံကောင်းတယ်လို့ဆိုရပါမယ်။ ဒါပေမယ့် မုဟမ္မဒ်ကို အဲဒီအခါက စာပေကျမ်းဂန်၊အနုပညာနဲ့ ရောင်းဝယ်ရေး မထွန်းကား မတိုးတက်တဲ့ အာရေဘိယ (Arabia) တောင်ဘက် မက္ကာ (Mecca) မှာ ၅၇၀ က မွေးဖွားခဲ့တယ်။ ခြောက်နှစ်သားမှာ မိဘမဲ့ကလေးဖြစ်ရရှာပါတယ်။ အစ္စလာမ် (Islam) အစဉ်အဆက်ပြောစကားအရ စာမတတ်ပါ။ အသက်နှစ်ဆယ့်ငါးနှစ်မှာကြွယ်ဝတဲ့ မုဆိုးမနဲ့ အိမ်ထောင်ကျလို့ အနေအစားချောင်လည်လာပါတယ်။ ဒါပေမယ့် အသက်လေးဆယ်အထိသူ့ကို နောင်ထင်ရှားကြီးကျယ်မယ်လို့ ဘယ်သူမှ ထင်မှတ်ကြမယ် မဟုတ်ပါ။

 ဟိုတုန်းက အာရပ် (Arab) အများစုဟာ မိစ္ဆာအယူရှိကြတယ်။ ဘုရားပေါင်းစုံကိုးကွယ်တယ်။ မုဟမ္မဒ်ဟာ မက္ကာမှာ ဂျူး (Jew) နဲ့ ခရစ်ယာန် (Christian) လူနည်းစုတွေဆီက စကြဝဠာတစ်ခုလုံးကို စီမံအုပ်ချုပ်တဲ့ တစ်ဆူတည်းဘုရား၊ တန်ခိုးအကြီးဆုံးဘုရား ရှိတယ်လို့ ပြောဟောတာကို နာယူခဲ့ဖူးဟန်တူပါတယ်။ အသက်လေးဆယ်မှာ ဒီစစ်မှန်တဲ့ တစ်ဆူတည်းသောဘုရား (Allah) က တမန်တော်ကြီး ဂေဗရီယယ် ( Angel Gabriel) က တစ်ဆင့်အယူမှန်ကို ပျံ့နှံ့အောင်လုပ်ဖို့ သူ့ကိုရွေးချယ်တယ်လို့ သိရပါတယ်။

 အစပထမသုံးနှစ်မှာ နီးစပ်ရာအရင်းနှီးဆုံး မိတ်သဂငှ်ကိုပဲ ပြောဟောစည်းရုံးတယ်။ ပြီးမှ အေဒီ (၆၁၃) လောက်မှာ လူအများကို တွေ့ဆုံပြီး တရားဟောပါတယ်။ သူ့အယူဝါဒကို သက်ဝင်ယုံကြည်တဲ့လူ တဖြည်းဖြည်းများလာတဲ့အခါ မက္ကာ (Mecca) ကိုအုပ်ချုပ်သူတွေက အန္တရာယ်ပေးမယ့် မနှစ်မျို့ဖွယ် အနှောင့်အယှက်တစ်ခုလို့ သတ်မှတ်လိုက်တယ်။ အဖမ်းအချုပ်လွတ်အောင် (၆၂၂) ခုနှစ် မှာ မက္ကာကမြောက်ဘက် မိုင် (၂၀၀) ကွာ မဒီနာ (Medina) ကိုပြေးခဲ့ရတယ်။ မဒီနာမှာ နိုင်ငံရေးအာဏာ အသင့်အတင့်ရရှိသူ တစ်ဦးဖြစ်လာပါတယ်။

 တိမ်းရှောင်တာကို ဟီဂျရာ (Hegira) ခေါ်ပါတယ်။ အဲဒီလို့ တိမ်းရှောင်ခြင်းဟာ ပရောဖက် (Prophet) ဘဝမှာ အတက်တကွေ့ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ မက္ကာမှာတုန်းက နောက်လိုက် အသင့်အတင့်ရှိခဲ့ပါတယ်။ မဒီနာမှာ နောက်လိုက်တွေပေါများပြီး ဘုရင်တစ်ဆူလို ကြီးမြင့်လာခဲ့ပါတယ်။ နှစ်နည်းနည်း အတွင်းမှာပဲ နောက်လိုက်ခြွေရံသင်းပင်း အများကြီးဖြစ်လာတယ်။ မဒီနာ နဲ့ မက္ကာစစ်ပွဲအပြန်အလှန် အများကြီးတိုက်ခိုက်ကြရတယ်။ ၆၃၀ ခုနှစ်မှာ မက္ကာကို စစ်အောင်နိုင်သူအဖြစ်နဲ့ ပြန်ရောက်ပါတယ်။ မကွယ်လွန်မီ တစ်နှစ်ခွဲအတွင်းမှာ ယုံကြည်မှုအသစ်ကို အာရပ်မျိုးတူစုတွေ (Arab tribes ) တစ်ဖွဲ့ပြီးတစ်ဖွဲ့ ကူးပြောင်းလာကြလို့ မုဟမ္မဒ် ကွယ်လွန်တဲ့ (၆၃၂) ခုနှစ် အခါမှာ တောင်ဘက် အာရေဘိယ တစ်ခုလုံးကို ကောင်းစွာအုပ်စီးနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်လာပါတယ်။

 အာရေဘိယရဲ့ ဗဒူအင် (Bedouin) လူမျိုးစုဟာ အင်မတန် ကြောက်စရာကောင်းတဲ့ အစီအစဉ်ကောင်းတဲ့ စစ်သည်တွေလို့ ထင်ရှားကျော်ကြားတယ်။ လူဦးရေကတော့ နည်းတယ်။ အချင်းချင်း မညီညွတ်လို့ နှစ်ဦးနှစ်ဖက်စလုံး ပြုန်းတီးပျက်စီးကျဆုံးရတဲ့ စစ်ပွဲတွေ ဆင်နွှဲနကြေလို့ သူတို့ရဲ့မြောက်ဘက်က သူတို့ထက်အင်အားကြီးပြီး စိုက်ပျိုးရေးနဲ့ အခြေတကျ ကြီးပွားနေတဲ့ နိုင်ငံတွေရဲ့ တပ်တွေကို မယှဉ်ပြိုင်နိုင်ခဲ့ကြပါ။ ဒါပေမယ့် မုဟမ္မဒ် စုစည်းပေးလို့ သူတို့သမိုင်းတလျှောက်မှာ အခုလိုညီညွတ်မှုကို မရစဖူးရပြီး တစ်ဆူတည်းဖြစ်ပြီး စစ်မှန်သော ဘုရား (God) ကို အပြင်းအထန် စွဲမြဲယုံကြည်စိတ်နဲ့ အာရဗ် (Arab) တပ်ငယ်ကလေးတွေဟာ လူ့သမိုင်းမှာ အင်မတန်အံ့သြစရာကောင်းလောက်အောင် တစ်ခါထက်တစ်ခါ သာလွန်အောင်မြင်တဲ့ ပွဲစဉ်တွေကို တိုက်ခိုက်ခဲ့ကြတယ်။ အာရေဘိယရဲ့ အရှေ့မြောက်မှာ ဆက်စနစ် (Sassanids) တွေရဲ့ ပါရှန်အင်ပိုင်ရာသစ် (Neo-Persian Empire) ရှိတယ်။ အနောက်မြောက်မှာ ကွန်စတန်တီနိုပယ် (Constantinople) ကို ဗဟိုပြုတဲ့ ဗိုင်ဇန်တိုင်း (Byzantine) ခေါ်တဲ့ အရှေ့ရောမအင်ပါယာရှိတယ်။ ဂဏန်းအရေအတွက်ချပြီး ပြောကြမယ်ဆိုရင် ဒီရန်သူတွေကို အာရပ်တွေမယှဉ်နိုင်ပါ။ လက်နက်နဲ့ ယှဉ်ရတဲ့ စစ်ပွဲမှာတော့ တစ်မျိုးပဲ၊ ယုံကြည်မှု နှိူးဆွထားတဲ့ အာရပ်တွေက ခပ်မြန်မြန်ပဲ မက်ဆိုပိုတေးမီးယား (Mesopotamia)၊ ဆီးရီးယား (Syria)၊ နဲ့ ပါလက်စတိုင်း (Palestine) တို့ကို သိမ်းယူနိုင်ခဲ့တယ်။ အီဂျစ် (Egypt) ကို (၆၄၂) မှာ ဗိုင်ဇန်တိုင်း အင်ပါယာထဲက ဖဲ့ယူပြီး ပါသျှ (Persia) တပ်တွေကို (၆၃၇) ကာဒီဆီးယား (Qadisiya) စစ်ပွဲနှင့် (၆၄၂) နေဟဗင် (Nehavend) စစ်ပွဲတွေမှာ ချေမှုန်းနိုင်ခဲ့တယ်။ ဒီနှစ်ပွဲဟာ အရေးအပါဆုံးပဲ။ ဒီပွဲနှစ်ပွဲနိုင်ရင် ကျန်ပွဲတွေဟာ မမှုလောက်တော့ဘူးလို့ ဆိုရမယ့် ပွဲတွေပါပဲ။

 မုဟမ္မဒ်ရဲ့ အရင်းနှီးဆုံးမိတ်ဆွဖြေစ်ပြီး မုဟမ္မဒ်ကို ဆက်ခံသူ တွဖြေစ်တဲ့ အဗူဗကရ် (Abu Bakr) နဲ့ အိုမရ် အိဗ်နေ့ အလ်ခတ္တဗ် (Umar ibn Al Khattab) တို့က ကြီးမားလှတဲ့ အောင်မြင်သိမ်းပိုက် ပွဲတွေဆက်လုပ်ခဲ့တာမျှနဲ့လဲ အာရပ်တိုးတက်ကြီးပွားရေးဟာ မရပ်သေးဘူး အာရပ်တပ်မကြီးတွေဟာ မြောက်အာဖရိကကိုဖြတ်ပြီး အတ္တလန္တိတ် သမုဒ္ဒရာ ကမ်းခြေအထိ (၇၁၁) ခုနှစ်မှာ နယ်မြေသိမ်းယူပွဲကြီးလုပ်ပြီးနောက် မြောက်ဘက်ကို ဦးတည်ပြီး ဂျီဘရော်တာ (Gibraltar) ရေလက်ကြားကိုဖြတ် စပိန် (Spain) က ဗီစီဂေါ့သ် (Visgothic) နိုင်ငံကို လွှမ်းမိုးလိုက်သေးတယ်။

 ဥရောပရဲ့ ခရစ်ယာန်နိုင်ငံတွေအားလုံးကို မူစလင် (Muslim) က ဝါးမျိုတော့မလောက် စိုးရိမ်ရတဲ့ အခြေရောက်လုဆဲဆဲဖြစ်ပြီးမှ (၇၃၂) ခုနှစ်မှာ နာမည်ကျော် တိုး (Tours) ပွဲမှာ ပြင်သစ်နိုင်ငံ အလယ်ပိုင်းအထိပေါက်မြောက်နပြေီဖြစ်တဲ့ မူဆလင်တပ်တွေကို ဖရန့်စ် (France) တွေက နိုင်လိုက်ပါတယ်။ ဒီလို တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်က အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဲဒါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလဲ တွေ့ရမှာဖြစ်ပါတယ်။

 ဒီလိုအောင်ပွဲတွေအကြာအရှည် တည်မြဲတယ်လို့တော့ မဆိုနိုင်ပါ။ တမန်တော် (Prophet) ရဲ့အယူကို ဆက်လက်ခံယူတယ်ဆိုပေမယ့် အာရပ်လက်အောက်က လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံတွေရှိပါတယ်။ စပိန်မှာဆိုရင် အနှစ် (၇၀၀) ကျော်ကြာအောင် တိုက်ကြပြီးမှ ခရစ်ယာန် အယူရှိသူတွေက ကျွန်းဆွယ်တစ်ခုလုံးကို ပြန်ရပါတယ်။ ရှေးအကျဆုံး ယဉ်ကျေးမှု စတင်ထွန်းကားတဲ့ မက်ဆိုပိုတေးမီးယား နဲ့ အီဂျစ် မှာလိုပဲ အာရပ်နိုင်ငံဖြစ်တဲ့ မြောက်အာဖရိက ကမ်းခြေတစ်လျှောက်မှာလည်း ဒီအတိုင်းပဲတွေ့ရတယ်။ ကိုးကွယ်ယုံကြည်မှုသစ်ဟာ အဲဒီနောက် ရာစုနှစ်ပေါင်းများစွာ မလွဲဧကန် ဆက်လက်ပြန့်နှံ့ခဲ့ပါတယ်။ စတင်ထွန်းကားရာဒေသကနေ အများကြီးေဝးကွာတဲ့ အရပ်တွေကို ရောက်သွားပြီး အာဖရိကနဲ့ အာရှအလယ်ပိုင်း တွေမှာ ယုံကြည်သူ သန်းပေါင်းများစွာရှိသလို ပါကစ္စတန် နဲ့ အိန္ဒိယမြောက်ပိုင်း၊ ပြီးတော့ အင်ဒိုနီးရှားမှာ ပိုလိုတောင်များသေးတယ်။ အင်ဒိုနီးရှားဆိုရင် အားလုံးပေါင်းစပ်မိအောင် ကိုးကွယ်ယုံကြည်မှုက ဆောင်ရွက်ပေးပါတယ်။ အိန္ဒိယလို တိုက်ကြီးတစ်တိုက်နီးပါး ကြီးမားကျယ်ပြန့်တဲ့နေရာမှာတော့ ဟိန္ဒူ၊ မူဆလင် ပဋိပက္ခဟာ ညီညွတ်ရေးရဖို့ အကြီးဆုံးအဟန့်အတားဖြစ်ခဲ့ပါတယ်။

 မုဟမ္မဒ်ကို လူ့သမိုင်းမှာ သြဇာအရှိဆုံးလို့ အကဲဖြတ်ဖို့ ခက်မနေဘူးလားလို့ မေးစရာရှိပါတယ်။ တခြားကိုးကွယ်ယုံကြည်စရာ ဘာသာတရားတွေလိုပဲ အစ္စလာမ်တရားက ယုံကြည်သူတွေရဲ့ ဘဝလမ်းကြောင်းကို ကောင်းကောင်းထိန်းချုပ်ထားနိုင်ပါတယ်။ အဲဒီအချက်ကြောင့်ပဲ ဒီစာအုပ်မှာ ဘာသာတရားခေါင်းဆောင်တွေကို ထိပ်တန်းကတင်ထားရတာဖြစ်ပါတယ်။ အကြမ်းအားဖြင့် ခရစ်ယာန်သာသနာဝင် လူဦးရေက မူစလင်လူဦးရေထက် နှစ်ဆလောက်များနေတယ်ဆိုပေမယ့် မုဟမ္မဒ်က ယေရှူ (Jesus) ထက်သာတယ်ပြောရင် လွယ်လွယ်ကူကူ ပြောကြတယ်၊ ဟုတ်ပါ့မလားလို့ မေးစရာဖြစ်တယ်။ ဒီဘက်ကပြစရာ အရေးပါတဲ့ အကြောင်းအချက် နှစ်ခုရှိပါတယ်။ ပထမတစ်ချက်က အစ္စလာမ် ပြန့်ပွားဖို့ မုဟမ္မဒ်တာဝန်ယူပုံက ခရစ်ဝါဒပြန့်ဖို့ ဂျေစပ် (Jesus) တာဝန်ယူပြီးဆောင်ရွက်ပုံထက် အများကြီးထိရောက်ပါတယ်။ လူဓလေ့ လူ့စရိုက်ဆိုင်ရာ ပဓာန သဘောတရားတွေမှာ ခရစ်ယာန်အယူဝါဒက ဂျူးဝါဒီ (Judaism) နဲ့ခြားနားသမျှကို ဖွင့်ဆိုဟောပြောရာမှာ ဂျေစပ်ကတာဝန်ခံ ဟောပြောခဲ့ပါတယ်။ ဒါပေမယ့် ခရစ်ယာန်ကျမ်းကို အရင်းမူလကျနအောင် ဖော်ထုတ်ပြီး ပျံ့နှံ့စေတာ ဓမ္မသစ် (New Testament) ရဲ့ အခန်းပေါင်းများစွာကိုရေးတာ၊ မူလဂျူးဝါဒနဲ့ ပိုပြီးပြန်လည်ပေါင်းစပ်မိအောင် ဆောင်ရွက်ပေးတာ စိန်ပေါလ် (St. Paul) ဖြစ်ပါတယ်။

 အစ္စလာမ်ရဲ့ ကျမ်းစာပိုင်းဆိုင်ရာနဲ့ အရင်းမူလကျင့်ဝတ်တွေကို ဖော်ထုတ်ဟောပြောသူက မုဟမ္မဒ်ဖြစ်တယ်။ အယူဝါဒသစ်ကို ရှေးအယူနဲ့ညှိူပေးတဲ့ နေရာမှာလဲ ရှေ့ဆောင်ဖြစ်တယ်။ အစ္စလာမ်ယုံကြည်မှု ကျင့်စဉ်ကို တီထွင်သူလဲဖြစ်တယ်။ မူဆလင် ကျမ်းစာဖြစ်တဲ့ ကိုရန် (Koran) ဆိုတာကလဲ အထက်ကောင်းက နှိူးဆော်တဲ့အတိုင်း ပြောတာပဲလို့ သူကိုယ်တိုင်ဖွင့်ဟပြောပြီးတော့ ဟောပြောသမျှကို အစီအစဉ်ကျနအောင် ရေးပေးသူလဲဖြစ်တယ်။ ပြောသမျှကို အမှားအယွင်း နည်းနိုင်သမျှနည်းအောင် မုဟမ္မဒ် အသက်ထင်ရှားရှိစဉ်ကပဲ ရေးသားကူးယူကြပြီး မုဟမ္မဒ်ကွယ်လွန်ပြီး မကြာမီမှာပဲ မူရင်းမူမှန်ဆိုတဲ့ ကျမ်းအနေအထားရောက်အောင် ရေးသားခဲ့ပြီးဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကိုရန်ဟာ မုဟမ္မဒ်ရဲ့ အတွေးအခေါ်နဲ့ ဆိုဆုံးမချက်တွေကို အမှန်အကန်ဆုံးဖော်ပြတယ်။ သူ့နှူတ်မြွက်စာကားတွေအတိအကျဖြစ်တယ်လို့ဆိုရပါမယ်။ ခရစ်တော် (Jesus Christ) ရဲ့စကားကို အတိအကျ မှတ်သားချက်မကျန်ခဲ့ပါ။ မူစလင်တွေမှာ ကိုရန်ဟာ အရေးပါအရာရောက်သလို ခရစ်ယာန်သာသနာဝင်တွေမှာလဲ သမ္မာကျမ်း (Bible) ဟာအရာရောက်ပါတယ်။ ကိုရန်ကို အရင်းမူလပြုပြီး မုဟမ္မဒ်ရဲ့သြဇာကြီးမားပုံဟာ ခရစ်ယာန်သာသနာမှာ ဂျေစပ်ခရစ် နဲ့ စိန်ပေါလ်နှစ်ဦးပေါင်းရဲ့ သြဇာကြီးမားပုံထက်ပိုပါတယ်။ သာသနာသက်ဝင် ယုံကြည်မှုအဆင့်နဲ့ပြောရရင် သမိုင်းမှာ မုဟမ္မဒ်ရဲ့ လူသားများအပေါ်မှာ လွှမ်းမိုးမှုဟာ ဂျေစပ်လွှမ်းမိုးတာနဲ့ အဆင်တူဖြစ်မယ် ထင်ပါတယ်။ 

ဆော်ဒီအာရေးဘီးယားနိုင်ငံ မက္ကာမြို့တော်ရှိ ကမ္ဘာ့မွတ်စလင်များအထွတ်အမြတ်ထားရာ ကာအ်ဘာ ဝတ်ကျောင်းတော်

     အဲဒါထက်ပိုတာရှိသေးတယ် (ဂျေစပ်နဲ့မတူတဲ့) မုဟမ္မဒ်ဟာ ယုံကြည်မှုခေါ်င်းဆောင်ဖြစ်သလို လူမှုခေါ်င်းဆောင်လည်းဖြစ်တယ်။ အာရပ်တွေရဲ့ နယ်မြေသိမ်းယူ အောင်မြင်သူတွေမှာ သူကနောက်က တွန်းအားလို့ဆိုရပါမယ်။ ခေတ်အဆက်ဆက် သြဇာအကြီးဆုံးနိုင်ငံရေး ခေါ်င်းဆောင်ဖြစ်ပါတယ်။

 အဖိုးတန်တဲ့ သမိုင်းဖြစ်စဉ် အမျိုးမျိုးတွေထဲမှာ နောက်ကကြိုးကိုင်ပြီး စီမံခန့်ခွဲတဲ့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်မပါပေမယ့်လဲ သူ့အလိုအလျှောက်ဖြစ်သွားမယ်ဆိုတာမျိုး ရှိတတ်ပါတယ်။ (ဥပမာ) ဆိုင်မွန်ဗော်လီးဗား (Simon Boliviar) လို လူမျိုးမွေးဖွားပေါ်ပေါ်က်ထွက်မလာပေမယ့်လည်း တောင်အမေရိက ကိုလိုနီတွေဟာ စပိန်လက်အောက်ကထွက်ပြီး လွတ်လပ်ရေးရကြမှာ ဖြစ်ပါတယ်။ အာရပ်တွေ နယ်ပယ်အများကြီးသိမ်းနိုင်တာမှာတော့ ဒီလိုပြောလို့မရနိုင်ပါ။ မုဟမ္မဒ်မပေါ်ခင်ကလဲဒါမျိုးမရှိခဲ့ဖူးဘူး။ သူမပါဘဲနဲ့ ဒါမျိုးဖြစ်မယ်လို့ အကြောင်းပြစရာမရှိပါ။ လူသမိုင်းမှာ နှိူင်းယှဉ်စရာ တစ်ခုတော့ရှိဖူးပါတယ်။ တစ်ဆယ့်သုံးရာစုနှစ်မှာ မွန်ဂို (Mongols) တွေ နယ်မြေအများကြီးတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဟာ အရင်းခံကြီးကြပ်ဆော်သြတဲ့ ဂျင်ဂျစ်ခန်း (Genghis Khan) ကြောင့်ဖြစ်ပါတယ်။ နယ်မြေကျယ်ပြန့်တာက အာရပ်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ဒါပေမယ့် ကြာရှည်မတည်ပါ။ အခုဆိုရင် ဂျင်ဂျစ်ခန်း မပေါ်မီကနမြေဲဖြစ်တဲ့ ဇာတိအရပ်မှာပဲ မွန်ဂိုတွေနကြေပါတယ်။ အာရပ်ပိုင်ဆိုင်အုပ်စီးပုံနဲ့ သိပ်ကွာခြားပါတယ်။ အီရတ် (Iraq) ကနေ မော်ရိုကို (Morocco) အထိ အာရပ်နိုင်ငံတွေဟာ သံကြိုးကွင်းဆက်လို ဆက်နေပါတယ်။ အစ္စလာမ်အယူတစ်ခုတည်းကြောင့် ဆက်နေတာမျိုးမဟုတ်ပါ။ အာရပ်ဘာသာစကား၊ အာရပ်သမိုင်းနောက်ခံ၊ အာရပ်ဓလေ့တွေပါ အားလုံးပေါင်းစပ်ယှက်တွဲနေပါတယ်။ မူစလင်အယူဝါဒမှာ ကိုရန် (Koran) က အခရာဖြစ်နေတော့ ကိုရန်ကိုရေးထားတဲ့ ဘာသာစကားဟာ အာရပ်ဖြစ်တာနဲ့ပဲ အာရပ်ဒေသိကစကား (Dialects) တွေကို ပြီးခဲ့တဲ့ နှစ်တစ်ထောင့်သုံးရာအတွင်းမှာ တစ်နယ်နဲ့တစ်နယ် စကားပြောမပေါက်အောင်၊ ပွားများမလာအောင် ဟန့်တားပြီးဖြစ်ခဲ့ရပါတယ်။ အာရပ်နယ်တွေမှာ အချင်းချင်းကွဲပြားခြားနားမှုတွေ ရှိတတ်ပါတယ်။ ဒါလောက်နဲ့လည်းမျက်စိမလည်ပါနဲ့၊ သူတို့မှာ အမြဲရိုင်းပင်းညီညွတ်ရမယ်ဆိုတဲ့ အချက်ကြီးတစ်ခုအမြဲရှိနေပါတယ်။ ဥပမာ အီရန်(Iran) နဲ့ အင်ဒိုနီးရှား (Indonesia) နှစ်နိုင်ငံစလုံးဟာ အစ္စလာမ်အယူတူပြီး ရေနံအထွက်လဲတူပေမယ့် ၁၉၇၃-၇၄ ဆောင်းရာသီရေနံမထုတ်ဘဲထားတာမှာ အာရပ်နိုင်ငံအားလုံးပါတယ်။ အာရပ်နိုင်ငံတွေကသာ ဒီကိစ္စကိုလုပ်တာဖြစ်တယ်။ အဲဒါမတော်တဆ တိုက်ဆိုင်တယ်မထင်ပါနဲ့။

 အာရပ်တွေရဲ့ ခုနစ်ရာစုနှစ်က တိုက်ခိုက်သိမ်းသွင်းစစ်ဟာ လူ့သမိုင်းမှာ အခုထိ အရာရောက်တုန်းပဲဆိုတာ မမေ့ထိုက်ပါ။ ယုံကြည်မှုနဲ့ နိုင်ငံအုပ်ချုပ်ရေးကို တွဲဖက်ပေးတဲ့နေရာမှာ ဘယ်သူမှ မယှဉ်နိုင်အောင် ကောင်းမွန်အောင်မြင်တယ်။ အဲဒါရဲ့အရင်းခံက မုဟမ္မဒ်ရဲ့အစွမ်းဖြစ်လို့ သူ့ကို လူ့သမိုင်းမှာ တန်ခိုးသြဇာအကြီးမားဆုံးပုဂ္ဂိုလ်လို့မှတ်ယူရခြင်းဖြစ်ပါတယ်။

ဒေါက်တာသန်းထွန်း မြန်မာပြန်သော ကျော်စွာ ၁ဝဝ စာအုပ်မှ ကူးယူဖော်ပြပါသည်။


ဘာသာပြန်သူ သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်း

ဒေါက်တာ သန်းထွန်း

B.A.(Hons:), M.A., Ph.D, D.Lit. (London)
အငြိမ်းစားပါမောက္ခ၊ သမိုင်းဌာန၊ မန္တလေးတက္ကသိုလ်။
အဖွဲ့ဝင်၊ မြန်မာနိုင်ငံသမိုင်းကော်မရှင်။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ ရှေးဟောင်းသုတေသနပညာဌာန။
ဂုဏ်ထူးဆောင်ပါမောက္ခ၊ သမိုင်းဌာန၊ ရန်ကုန်တက္ကသိုလ်။








မူရင်းစာရေးဆရာ၏ လူပုဂ္ဂိုလ်များ စီစဉ်ဆုံးဖြတ်ပုံ


၁) ဘယ်အခြေခံနဲ့ ဒီပုဂ္ဂိုလ်ဟာကြီးမြင့် လာရပါသလဲ
၂) ဒီလူရဲ့ အစွမ်းနဲ့လူတွေဘယ်လောက်များများအကျိုးခံစားရသလဲ
၃) ဒီလူ့ကျေးဇူးကို လူတွေဘယ်လောက်ကြာကြာ ခံစားရပါသလဲ။

အဲ့ဒီမေးခွန်းသုံးခုနဲ့ပဲ လူတွေကို ပထမ ဒုတိယဆိုပြီး တန်းစီလိုက်တယ်။ အဲ့ဒီလိုလုပ်ပုံကို ကျွန်တော်ကြိုက်တယ်။ ဒါပဲ သမိုင်းနည်းလမ်းကျတယ်။ ဒါကြောင့် ကျော်ကြားတဲ့တခြားစာအုပ်တွေ မြန်မာဘာသာမပြန်မိဘဲ ဒီစာအုပ်ကျတော့မှ မြန်မာဘာသာပြန်မိပါတယ်။ (ဒေါက်တာသန်းထွန်း အမှာစာမှ)

မူရင်း စာအုပ်မှ လူပုဂ္ဂိုလ်များအစီအစဉ်မှ

၁။ မိုဟမ္မဒ်
၂။ အိုင်းဆက် နယူတန်
၃။ သခင်ယေရှု ဂျေစပ်ခရိုက်စ်
၄။ ဗုဒ္ဓ
၅။ ကွန်ဖြူးရှပ်

Wednesday, July 10, 2013

မေတ္တာကမ္ဘာ - ၂

ဘာသာရေးအကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ လူတွေရဲ့စိတ်ထဲ ရိုက်သွင်းခံထားရတဲ့ ရှည်ကြာစွဲမြဲနေတဲ့ ဘာသာရေးမုန်းတီးမှုတွေဟာ ယနေ့ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ တိုးတက်မှု၊ ငြိမ်းချမ်းမှုတွေရဲ့ အဓိကအဟန့်အတားတွေထဲကတစ်ခုဖြစ်နေတယ်လို့ ပြည်တွင်းနဲ့ နိုင်ငံတကာမြန်မာ့အရေးအကဲခတ်သူတွေကဆိုကြပါတယ်။ ထပ်ပြန်တလဲလဲဖြစ်ပျက်နေခဲ့တဲ့ ပဋိပက္ခတွေရပ်တန့်သွားဖို့ ဆက်မဖြစ်လာဖို့ ကျွန်တော်တို့ပြည်သူတွေထဲက အသိစိတ်ဓာတ်ရှိသူတွေကပဲ ဝိုင်းဝန်းထိန်းသိမ်းသွားရမှာပဲဖြစ်ပါတယ်။ မြန်မာပြည်ဟာ အမျိုးမျိုးကွဲပြားတဲ့ သဘာဝသယံဇာတတွေစုံလင်စွာ ထွက်ရှိတဲ့ကမ္ဘာမှာထူးခြားလှပတဲ့ တိုင်းပြည်တစ်ခုဖြစ်သလို တိုင်းရင်းသားလူမျိုးစုတွေနဲ့ အခြားလူမျိုး၊ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ တွဲဖက်ယှဉ်တွဲနေထိုင်ကြတဲ့ အရှေ့တောင်အာရှရဲ့ ဂုဏ်ယူစရာသဘောထားကြီးတဲ့နိုင်ငံတစ်ခုဖြစ်ခဲ့ပါတယ်။ မတူညီတွေအရောင်တွေနဲ့ ဆေးခြယ်တတ်တဲ့အခါ လှပတဲ့ ပန်းချီကားတစ်ချပ်ဖြစ်လာသလို ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ မှီတင်းနေထိုင်ကြတဲ့ ဘာသာလူမျိုးပေါင်းစုံရဲ့ ကျရာအခန်းကဏ္ဍကနေ နိုင်ငံတိုးတက်ရေးအတွက် စုပေါင်းသဘောထားမကွဲလွဲပဲဆောင်ရွက်ခဲ့တဲ့အချိန်အခါတွေမှာ မြန်မာပြည်ရဲ့တိုးတက်မှုဟာ စံချိန်တင်ခဲ့တာ အာရှနဲ့ ကမ္ဘာကသိခဲ့ပါတယ်။


ယခုကျွန်တော်တို့ဟာ အောက်ကျနောက်ကျဖြစ်ခဲ့တာတွေဖယ်ပြီး အမုန်းအာဃာတတွေမပါပဲ ယျဉ်ကျေးပျူငှါတဲ့မြန်မာ့ဓလေ့နဲ့အတူ တိုးတက်တဲ့နိုင်ငံသစ်ကို မြန်မာ့မြေထဲက ဘာသာလူမျိုးအားလုံးအတူတကွပူပေါင်းပြီး နားလည်မှုရှိရှိနဲ့ ပြန်လည်တည်ဆောက်ကြဖို့ အားလုံးကလိုလားနပြေီဖြစ်ပါတယ်။ ယခင်သဘောထားမတိုက်ဆိုင်ခဲ့တဲ့လူအမြောက်အများလည်း ဒီဦးတည်ချက်မှာ ပါဝင်လာပြီဖြစ်လို့ ဝမ်းသာစရာကောင်းပေမယ့် မလိုတဲ့အဖျက်အမှောင့်အုပ်စုကလည်း အင်အားအတန်အသင့်ရှိနေတာကို မကြာခဏဖြစ်ပျက်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေအပေါ်အကြမ်းဖက်မှုနဲ့ အခြားအကြမ်းဖက်မှုအမျိုးမျိုးတွေက သက်သေခံနေပါတယ်။ ခုလိုအချိန်အခါမှာ ပြည်သူထဲက အသိဉာဏ်ပညာရှိသူတွေဟာ မသိနားမလည်သူတွေ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်း၊ နိုင်ငံရေးမှိုင်း စတဲ့ အမှားကျူးလွန်မယ့် မှိုင်းတွေမတိုက်ခံရအောင် ဝိုင်းဝန်းထိမ်းသိမ်းပေးရမှာဖြစ်ပါတယ်။ ဒီအတွက် ကျွန်တော့်အနေနဲ့ နယ်ပယ်အသီးသီးက အသိပညာရှင် အတတ်ပညာရှင်တွေကို တကယ်ပဲအလေးထားမိပါတယ်။ Facebook ပေါ်မှာ နာမည်ကျော်လူသိများတဲ့ (ဆရာမဂျူး၊ Blogger ကိုနေဘုန်းလတ်၊ဆရာဝန်ကိုစိုးမင်း ) 
စတဲ့ စာရေးဆရာတွေဟာ ပြင်ပမှာ လူကိုယ်တိုင်တစ်မျိုး၊ online ပေါ်မှာ တစ်ဖုံ ပြည်သူတွေ အတွေးအခေါ်တိုးတက်စေဖို့ကြိုးစားနကြေပါတယ်။ လူမှုရေးမှာဆိုရင်လည်း ဆရာမဒေါ်သန်းမြင့်အောင်၊ ဦးကျော်သူစတဲ့ အဖွဲ့အစည်းတွေ၊ နည်းပညာပိုင်းမှာဆိုရင်လည်း ကိုညီလင်းဆက်၊ ဦးရဲမြတ်သူ စသူတွေဟာ နည်းပညာအကြောင်းအရာတွေအပြင် အခါအားလျှော်စွာ ယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို ဖော်ထုတ်ရေးသားကြပါတယ်။ စာဖတ်သူတွေကို သိမ်မွေ့စကြေပါတယ်။ သူတို့ထဲမှာ ဘာသာလူမျိုးရေးမုန်းတီးမှုမပါကြပါဘူး။ ကျန်ခဲ့တဲ့ရက်ပိုင်းအတွင်း Page တွေ Facebook အကောင့်တွေက ဘာသာဝင်အချင်းချင်း လူမျိုးအချင်းချင်းမုန်းတီးမှုတွေပဲ လှုံ့ဆော်နကြေတဲ့အချိန်မှာ မန္တလေးက ဆရာဝန်ဒေါက်တာမောင်မောင်ဦးဟာ လူတွေအားလုံးချစ်ခင်စေမယ့် ကဗျာလေးတစ်ပုဒ်ရေးပါတယ်။ နိုင်ငံကြီးနှစ်ခုကြားမှာရှိတဲ့ မြန်မာနိုင်ငံဟာ မလွဲမရှောင်သာ ဒီနိုင်ငံနှစ်ခုကလူတွေနဲ့ထိစပ်ပါမယ်။ ဒါကို တချို့က အမွေဆိုးဆိုပြီး ပုံဖော်ကြပါတယ်။ ဆရာဒေါက်တာမောင်မောင်ဦးကတော့ ဘာအမွေဆိုးလို့မှမသတ်မှတ်ဘဲ စုံလင်တဲ့အရောင်တွေအဖြစ် ပန်းချီကားမှာရေးချယ်အလှဆင်လိုက်တဲ့ ကဗျာလေးဟာ ရာနဲ့ချီတဲ့လူတွေသဘောကျနှစ်သက်ပါတယ်။ ဒါဟာငြိမ်းချမ်းတဲ့သူတွေရဲ့သဘောထားဖြစ်ပါတယ်။ ဒီလိုအလှဆင်ခံရတဲ့သူတွေဟာ ဘယ်လိုများဖျက်လိုဖျက်စီးလုပ်ချင်တဲ့စိတ်ရှိပါ့မလဲ။ သူတို့တွေဟာမြန်မာတွေနဲ့ တသားတည်းဖြစ်ပါတယ်။

ဒါဟာ မဖြစ်သင့်တဲ့အခြေအနေတွဖြေစ်နေတာဆိုတာကိုသိပြီး ညီညွတ်စေချင်တဲ့ပညာတတ်ပုဂ္ဂိုလ်တွေရှိသလိုပဲ ဒီထဲမှာ သက္ကမိုးညိုဆိုတဲ့ Facebook အကောင့်ပိုင်ရှင် ဆရာဝန်တစ်ဦးကတော့ တခြားသူတွေနဲ့ ကွဲပြားစွာ ခုလိုအစ္စလာမ်ဘာသာကိုတရားခံ (Scapegoat) လုပ်ပြီး တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ်နေတဲ့သူတွေရှိတာကို သိပါလျက်နဲ့ အမုန်းမဲ့ကမ္ဘာခေါင်းစဉ်တပ်ပြီး နိုင်ငံတကာမှ အစ္စလာမ့်ဘာသာအကြောင်းတစ်ဖက်သက်မကောင်းရေးထားတဲ့ဆောင်းပါးများကို ဘာသာပြန်ကာ အခန်းဆက်တင်ပေးနေပါတယ်။ နိုင်ငံရေးမှာ နေရာတစ်ခုရထားပြီးနာမည်လူသိများတာက အကြောင်းပြုကာ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီမှ ဦးနေမျိုးဝေဆိုသူကလည်း ကိုရ်အာန်ကျမ်းစာကို အရေးယူမည်စသဖြင့် အစ္စလာမ်ဘာသာကို တိုက်ခိုက်ပါတယ်။ ဘာသာရေးကြောင့် လူသိများမှုကို အကြောင်းပြုကာ ရှင်ဝီရသူ၊ရှင်ပညာဝရ စသည်တို့ကလည်း အစ္စလာမ်သာသနာကို အပုတ်ချတိုက်ခိုက်ကြပါတယ်။ ခုလည်း သက္ကမိုးညိုဟာ မိမိစာရေးသားတဲ့နောက်လိုက်တွေများလာတဲ့အခါ အချိန်အခွင့်အရေးပေးတာနဲ့ အစ္စလာမ်သာသနာကို ပုတ်ခတ်စော်ကားပြီး တိုင်းပြည်အတွင်း အကြမ်းဖက်မှုတွေဆက်လက်ဖြစ်စေဖို့ ဦးတည်ရေးသားပါတယ်။
တရုပ်ပြည်မှ ဗလီတစ်ခု၏ပုံ
လူတွေထဲမှာ ရင့်ကျက်တဲ့သူတွေရှိသလို မရင့်ကျက်သေးတဲ့သူတွေ စိတ်ဆတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒါဟာ ဘာသာတရားနဲ့ မဆိုင်ပါဘူး။ လူ့သဘာဝပဲဖြစ်ပါတယ်။ ကမ္ဘာမှာ အစ္စလာမ်သာသနာဝင်တွေထဲက အကြမ်းနည်းနဲ့တုံ့ပြန်တဲ့ပုံစံတွေရံဖန်ရံခါတွေ့ရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ မတရားပုတ်ခတ်စော်ကားမှုတွေကိုတုန့်ပြန်တဲ့အခါ အစ္စလာမ်သာသနာက တရားဥပဒေနဲ့ဘောင်ထဲကပဲငြိမ်းချမ်းစွာ တုန့်ပြန်ကြဖိုသွန်သင်ညွှန်ကြားထားပြီးသားပါ။ဒါပေမယ့် ဘာသာ သာသနာထဲကလူတွေအားလုံးဟာ အရိယာတွေချည်းပဲမဟုတ်ပါဘူး။ ဘာသာရေးခေါင်းဆောင်းဖြစ်တဲ့ မြတ်ဗုဒ္ဓကို ဗုဒ္ဓဘာသာဝင်တွေဘယ်လိုအလေးထားပါသလဲ၊ ဒါ့အပြင် ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို ဦးထက်တင်ထားကြတဲ့သူတွေနဲ့ မိမိတို့အမြတ်တနိုးထားတဲ့ အရာကို ထိခိုက်စော်ကားမယ်ဆိုရင် မည်သူမှခံနိုင်ကြမည်မထင်ပါ။ ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့လည်း တမန်တော်မိုဟမ္မဒ် (sa) ကို ကျွန်တော်တို့ မိဘ၊ အဖေအမေတွေလို အမြတ်တနိုးထားပါတယ်။ နာမ် (သို့) ဝိညာဉ်ရေးရာ တရားအလင်းပေးတဲ့ ပုဂ္ဂိုလ်ဖြစ်လို့ အဲ့ဒီထက်ကိုပိုပါတယ်။ ဒါကိုသိသိကြီးနဲ့တမင်အဓိကရုဏ်းအကြမ်းဖက်မှုတွေ ပေါ်ထွန်းလိုတဲ့သူတွေဟာ တမန်တော်မိုဟမ္မဒ်ရဲ့ရုပ်ပုံလွှာကို အကြမ်းဖက်ရုပ်ပြောင်အဖြစ်ဖန်တီးတာမျိုး၊ တမန်တော်ကိုပုတ်ခတ်စော်ကားတဲ့ ရုပ်ရှင်ဗီဒီယိုတွေရိုက်ကူးပြီး အချို့မွတ်စလင်တွေကို စိတ်ဆိုးဒေါသထွက်အောင် ဖန်တီးယူကြပါတယ်။ ပြီးတဲ့အခါမှ မိမိတို့ဘာသာရေးခေါင်းဆောင်ကို ချစ်မြတ်နိုးပေမယ့် ဒေါသအလျှောက်တုံ့ပြန်မိကြတဲ့ မွတ်စလင်တွေကို တကယ့်မွတ်စလင်စစ်ကြီးတွေရဲ့ အပြုအမူဖြစ်သရောင် သတင်းလွှင့်ကြပါတယ်။ သက္ကမိုးညိုဆိုသူ ဆရာဝန်ဟာလည်း အလားတူ ကျွန်တော် မေတ္တာကမ္ဘာ - ၁ ကိုရေးသားပြီးတဲ့အခါ သူ့ရဲ့ Facebook အကောင့်မှာ တမန်တော်မိုဟမ္မဒ်ကို အကြမ်းဖက်ပုဂ္ဂိုလ်အဖြစ်ပုံဖော်တဲ့ရုပ်ပုံကို တင်ပြီး မွတ်စလင်တွေရဲ့ စိတ်ကိုထိခိုက်အောင်ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်ပါတယ်။
(http://tinyurl.com/lpc9r7r)
အလားတူပဲ ဗလီတွေ သာသနိကအဆောက်အဦးတွေဟာ အုတ်တွေ သဲတွေနဲ့ ဆောက်လုပ်ထားတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ယုံကြည်ချက်နဲ့ နှလုံးသားနဲ့ ဆောက်လုပ်ထားတဲ့အရာတွဖြေစ်ပါတယ်။ ဒါတွေကို ဖြိုဖျက် လူတွေကို အကြမ်းဖက်သတ်ဖြတ်တာတွေဟာ လူယဉ်ကျေးတွေရဲ့ အပြုအမူမဟုတ်ပါဘူး။ 



ကမ္ဘာကျော်ကော်ဒိုဗာ ဗလီနှင့် တက္ကသိုလ်

အမုန်းမဲ့ကမ္ဘာဆောင်းပါးမှာ ဆရာဝန် သက္ကမိုးညိုဟာ မွတ်စလင်နှင့်အစ္စလာမ်ဘာသာဝင်တွေမကောင်းကြောင်းရေးနေပေမယ့် ဘားလမ်းက မွတ်စလင်ကုသိုလ်ဖြစ်ဆးရုံမှာ မွတ်စလင်နှင့် ဗုဒ္ဓဘာသာဆရာဝန်တွေဟာ ဘာသာလူမျိုးမခွဲခြားဘဲ ရာနဲ့ချီတဲ့လူနာတွေကို ဆေးကုသပေးနေပါတယ်။ မွတ်စလင်တွေဟာ မြန်မာ့လူထုအကျိုးပြုလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နကြေသလို ကမ္ဘာသမိုင်းကို သေချာစွာလေ့လာကြည့်မယ်ဆိုရင်လည်း မွတ်စလင်တွေဟာ ကမ္ဘာ့လူသားထုကို အများဆုံးအကျိုးပြုခဲ့တဲ့သူတွဖြေစ်ပါတယ်။ 

" အစ္စလာမ့်ကိုရ်အာန်ကျမ်းစာ ရာက်ပြီးနောက် မွတ်စလင်တို့သည် ဂရိ၊ ရောမ၊ အိန္ဒိယ၊ တရုတ်တို့၏ စာပေယဉ်ကျေးမှုများကိုစုဆောင်းထိန်းသိမ်းခဲ့ကြသည်။ ပညာရပ်အသစ်များကို သုတေသနပြုပြီး တီထွင်ခဲ့ကြသည်။ ခေတ်အဆက်ဆက်တွင်အနောက်တိုင်းသားများစွာတို့သည် အတိတ်ခေတ် မွတ်စလင်တို့၏ ကမ္ဘာကို အကျိုးပြုပုံအားဖုံးအုပ်ရန်ကြိုးစားကြ၏။
အေဒီ ၅ ရာစုတွင် ရောမအင်ပါယာ ကစင့်ကလျားပြိုကွဲသွားပြီးနောက် ဥရောပတွင် အမှောင်ကျနေခိုက် ခေါမလူ့အစည်းအရုံးအပါအဝင် လူ့သားများ တစ်ဆက်ပြီးတစ်ဆက်နှင့် တစ်ခုပြီးတစ်ခု ထမ်းပိုးထူထောင်ခြင်းပြုခဲ့ကြသော စာပေ အနုပညာနှင့် သဘာဝသိပ္ပံပညာရပ်များဆိုင်ရာ အရပ်ရပ်ယဉ်ကျေးမှုများကို ကောင်းစွာဆက်ခံထိန်းသိမ်းခြင်းပြုခဲ့ကြရုံမျှမက အံ့သြလေးစားဖွယ်ရာ တိုးချဲ့ခဲ့ကြသူများမှာ အထက်တွင် ဖော်ပြခဲ့သော အာရပ်လူ့အစည်းအရုံးဖြစ်၏။
သို့ရာတွင် ဥရောပသမိုင်းဆရာ အများအပြားပင် ယင်းအချက်ကို ဖုံးကွယ်ထားလေ့ရှိကြ၏။ ကိုလိုနီဝါဒနှင့် လူမျိုးရေးဝါဒများ လွှမ်းမိုးခြင်းခံရသူများ ဖြစ်သည့်အလျောက် လူ့သမိုင်း၏ အဓိကရမှတ်တိုင်ကြီးများကို မကြည့်နိုင်မမြင်နိုင်ကြခြင်းဖြစ်တန်ရာ၏။ " [စာရေးဆရာ ဗန်းမော်တင်အောင်၏ သဘာဝသိပ္ပံစာအုပ် (၁၉၇၄)။ စာ ၁၈၅-၁၈၆။ အခနး် (၈) ဥရောပ
အမှောင်ခေတ်နှင့် အာရပ်ယဉ်ကျေးမှု]


ယခုနှစ်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေအရ ကျွန်တော်တို့မြန်မာ့လူအဖွဲ့အစည်းထဲမှာ မနာမကျန်းဖြစ်နေတဲ့လူတွေလို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမှာ ကြမ်းတမ်းမုန်းတီးမှုတွေ ဝင်နေ၊ ရန်လိုနေတဲ့သူတွေရှိနေတယ်ဆိုတာသိရပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ခုအချိန်မှာ သူတို့ကို ကုစားနိုင်မှ ကျွန်တော်တို့တိုင်းပြည်တိုးတက်တဲ့ဘက်ကို ဆက်သွားနိုင်မှာဖြစ်ပါတယ်။ လူတစ်ယောက်မှာ ရောဂါဖြစ်တဲ့အခါ အကြောင်းအရင်းအခြေအနေမှန်ကို သိရအောင် အရင်စုံစမ်းမှု(Diagnose) လုပ်ရပါတယ်။ စိတ်မှန်းနဲ့ ရမ်းကုလုပ်လို့မရပါ။ အခြေအနေမှန်သိရတဲ့အခါ ပြုပြင်ပြောင်းလဲစေမယ့် ဆေးကိုထိုးပေးရမှာဖြစ်ပြီး အခြေအနေကိုဆိုးရွားစေမယ့်ဆေးကိုရှောင်ရှားရမှာဖြစ်ပါတယ်။ဉာဏ်မရှိသူများရဲ့ ဘာသာရေး၊ လူမျိုးရေးမှိုးင်းများတွင် ပညာတတ်များအမိမခံစေလိုပါ။ အမုန်းမဲ့ကမ္ဘာရေးသားချက်တွေဟာ မုန်းတီးမှုတွေနဲ့ အစ္စလာမ်ဘာသာကို တစ်ဖက်သတ်စော်ကားမှုတွပြေည့်နေလို့ ထပ်မံရှင်းလင်းရပါဦးမည်။

၁။ တမန်တော်မိုဟမ္မဒ်အား ဒေါက်တာသန်းထွန်းဘာသာပြန်သည့် ကျော်စွာ ၁ဝဝ စာအုပ်ကို အခြေခံ၍ ကိုရန်တစ်ဖက်ဓားတစ်ဖက်နှင့် သာသနာပြုသည်၊ အဓမ္မသာသနာပြုသည် စသဖြင့် သက္ကမိုးညိုက ရေးသားထားပါသည်။ ကျော်စွာ ၁ဝဝ စာအုပ်ဟာ ကမ္ဘာကကော မြန်မာကပါ သိသည့်စာအုပ်ဖြစ်ပါသည်။ မူရင်းစာရေးသူ၏ ရေးသားချက်တွင် ထိုသဘောများမပါကြောင်း အဂတိမလိုက်ဘဲ ယဉ်ကျေးစွာရေးသားထားကြောင်း ဖတ်ဖူးသူတိုင်းသိပါလိမ့်မည်။ ကျော်စွာ ၁ဝဝ တွင် ဒေါက်တာသန်းထွန်းက ဤသို့ပြန်ဆိုထားသည်။
"တစ်ရာစုနှစ်မျှလောက် လှူပ်ရှားတိုက်ခိုက်ရုံနဲ့ ဗဒူအင် (Bedouin) လူမျိုးတွေဟာ တမန်တော် (Prophet) ရဲ့ အားပေးစကားမျှနဲ့ အိန္ဒိယနယ်စပ်ကနေ အတ္တလန္တိတ်သမုဒ္ဒရာထိ ကျယ်ပြန့်တဲ့ နယ်မြေကို ရယူနိုင်တာဟာ အံ့သြရမှာဖြစ်တယ်။ အခုအထိ ကမ္ဘာမှာ ဒါလောက်ကျယ်ပြန့်တဲ့ အင်ပါယာမျိုး မမြင်သေးဘူးပါ။ အဒဲါအပြင် သူတို့သိမ်းယူတဲ့ နေရာတိုင်းမှာ သူတို့အယူကို လူတွေအများကြီးက ပြောင်းယူလာကြတာကိုလည်းတွေ့ရမှာဖြစ်ပါတယ်။ "။ တကယ်လို့အတင်းအဓမ္မသာသနာပြုထားတာဆိုရင် အင်ပါယာမရှိတဲ့အခါမှာ အားလုံးဘာသာပြန်ပြောင်းကုန်မှာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ပြည်ကြီးမှာ အစ္စလာမ်ဘာသာဝင်တွေ သန်းနဲ့ချီပြီးရှိပါတယ်။ အဲ့ဒီကို အစ္စလာမ်ဘာသာဝင်တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ ဘယ်လိုမှတ်တမ်းမျိုးမှမရှိပါ။ ဖြောင့်မှန်တဲ့ အစ္စလာမ်ဘာသာဝင် အာရဗ်ကုန်သည်ကြီးများကို နမူနာယူလို့ အစ္စလာမ်ဘာသာဝင်ထဲပြောင်းလာခဲ့ကြတာပဲဖြစ်ပါတယ်။ ထို့ကြောင့် သက္ကမိုးညို၏ စွပ်စွဲချက်မှာ အခြေအမြစ်မရှိပါ။

 ၂။ သက္ကမိုးညိုသည် သူ၏အမုန်းကမ္ဘာဆောင်းပါးများတွင် အဓိက အစ္စလာမ်ဘာသာကို တိုက်ခိုက်လိုခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာ၊ဘင်္ဂါလီ ကိစ္စများမှာ အစ္စလာမ်ဘာသာနှင့် မသက်ဆိုင်ပါ။ အချို့သူများမှာ ထိုဒေသအတွင်း အချိန်ကြာမြင့်စွာ နေထိုင်လာခဲ့သူများဖြစ်ပြီး အချို့သူမျိုးမှာ မြန်မာလူမျိုးလူဝင်မှုကြီးကြပ်ရေး၏ ခြစားမှုကြောင့်ပင် သူတို့ကိုယ်တိုင် အခြားနိုင်ငံသားများကို ခေါ်သွင်းလာခဲ့ခြင်းဖြစ်နိုင်ပါသည်။သို့သော် အစိုးရလူဝင်မှုကြီးကြပ်ရေးကမှု တရားမဝင်နေထိုင်သူများမရှိဟုဆိုကြပါသည်။ ဤကား ဘာသာရေးမဟုတ်ပါ နယ်စပ်ဒေသများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် နိုင်ငံရေးအဖြစ်အပျက်များသာဖြစ်ပါသည်။ တရားဝင်သည်ကော တရားမဝင်သည့်မြန်မာနိုင်ငံသားများလည်း အလုံးအရင်းနှင့် နယ်နိမိတ် ထိစပ်သည့် နိုင်ငံများတွင်အခြေအနေအမျိုးမျိုးကြောင့်နေထိုင်အလုပ်လုပ်ကိုင်လျှက်ရှိသကဲ့သို့ပင်ဖြစ်ပါသည်။

၃။ပါကစ္စတန်၊ ဂါဇာကမ်းမြှောင်၊ ထိုင်းအရေးတို့မှာ နိုင်ငံရေးသာဖြစ်ပါသည်။ ဘာသာရေးနှင့်မဆိုင်ပါ။ မြန်မာပြည်သည်လည်း လွတ်လပ်ရေးယူရာတွင် တိုင်းရင်းသားများနှင့် တွဲယူမည်လား သို့မဟုတ် ခွဲယူမည်လား ထို့ပြင် အိန္ဒိယနှင့်လည်း တွဲ၍ခွဲရေးစသဖြင့်ပေါ်ပေါက်ခဲ့ပါသည်။အလားတူ တိုင်းပြည်တွင်းမှ တိုင်းရင်းသားများသည်လည်း မိမိတို့ဘာသာ၊ယဉ်ကျေးမှုဓလေ့ထုံးစံများကို လွတ်လပ်စွာကျင့်သုံးခွင့်ရလျှင် ခွဲထွက်ကြဖို့စဉ်းစားကြမည်မဟုတ်ပါ။ မည်သို့ပင်ဆိုစေ နိုင်ငံရေးသည် ဘာသာရေးနှင့် မသက်ဆိုင်ပါ။

၄။ အစ္စလာမ် နိုင်ငံသား အထူးတလည်သီးသန့်အစ္စလာမစ် ယဉ်ကျေးမှုဟူ၍ ကမ္ဘာပေါ်တွင်မရှိပါ။ အစ္စလာမ်သာသနာကိုစတင်တည်ထောင်သူမှာ အာရဗ်လူမျိုး တမန်တော် မိုဟမ္မဒ် ဖြစ်ပါသည်။ အာရဗ်တို့၏ ဝတ်စားပုံ၊ ဓလေ့များနှင့် ကမ္ဘာပေါ်ရှိအခြား မွတ်စလင်နိုင်ငံများမှ ဝတ်စားပုံ ယဉ်ကျေးမှုဓလေ့များမတူညီကြပါ။ ဝတ်ပြုရာဗလီပုံစံများပင် ကွဲပြားကြပါသည်။ 
အလွယ်တကူဥပမာပြရလျှင် အစ္စလာမ်သာသနာဝင်များဝတ်ပြုရာဦးခေါင်းကို ဖုံးအုပ်ထားလေ့ရှိပါသည်။ အာရဗ်လူမျိုးများမှာ သူတို့၏ ဝတ်စားဓလေ့အရ ပိတ်စနှင့် ကြိုးကွင်းဖြင့်သိုင်းလျှက် ခေါင်းကို ဖုံးအုပ်သည်။ အိန္ဒိယလူမျိုးများတွင် ဦးထုပ်ပုံစံ၊ တစ်ချို့က ဖောင်းထုပ်ပုံစံ စသဖြင့် မိမိတို့ ယဉ်ကျေးမှုပုံစံအလိုက် ပြုပြင်၍ ကျင့်သုံးကြသည်။ မြန်မာပြည်တွင်လည်း အချိုမြန်မာ့ခေါင်းပေါင်းများပေါင်း၍ ဝတ်ပြုကြသည်။ လိုရင်းက ဦးခေါင်းကိုအုပ်ထားရန်ဖြစ်ပြီး မိမိတို့ရှိရင်းစွဲယဉ်ကျေးမှုအလိုက်ကျင့်သုံးကြသည်။ အခြားယဉ်ကျေးမှုများလည်း အလားတူပင်ဖြစ်ပါသည်။

အစ္စလာမ်တွင် မိမိနေထိုင်သောတိုင်းပြည်ကို ချစ်မြတ်နိုးရခြင်းမှာ အစ္စလာမ့်ယုံကြည်ချက်၏ တစ်စိတ်တပိုင်းဖြစ်ကြောင်း တမန်တော်မိုဟမ္မဒ်က မိန့်ကြားထားပါသည်။ ‘Love for one's country is part of faith’ (Sakhavi)။ ထို့ကြောင့် အစ္စလာမ်နိုင်ငံသား ဟူ၍ အသုံးအနှုန်းမရှိပါ။ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်၊ တရုတ်နိုင်ငံသားအစ္စလာမ်ဘာသာဝင်၊ အင်္ဂလန်နိုင်ငံသား အစ္စလာမ်ဘာသာဝင် စသဖြင့်သာရှိပါသည်။ သူတို့သည် သက်ဆိုင်ရာ နိုင်ငံများတွင် မိမိတို့တိုင်းပြည်ကောင်းကျိုးအတွက်ဆောင်ရွက်ကြသည်ချည်းသာဖြစ်ပါသည်။ မကောင်းသူအချို့ကြောင့် အစ္စလာမ်ဘာသာက မကောင်းဟုပြောခြင်းသည် ဘောင်မဝင်ပါ။ 

၅။ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်များသည် အလယ်အလတ်လမ်းစဉ်(မဇ္ဈိမပဋိပဒါ) ကိုကျင့်သုံးသကဲ့သို့ အစ္စလာမ်ဘာသာဝင်များသည်လည်း အလယ်အလတ်လမ်းစဉ်ကိုသာကျင့်သုံးပါသည်။ ထိုအတွက်ကြောင့် အကြမ်းဖက်မှုများသည်သာ အစွန်းရောက်မှုဖြစ်ပြီး ယင်းကို ဗုဒ္ဓဘာသာများနည်းတူ အစ္စလာမ်ဘာသာဝင်များလည်းလက်မခံပါ။ သက္ကမိုးညိုအနဖြေင့် ဘာသာရေးထက် ကွန်မြူစနစ်ကို ပိုသဘောကျပုံရပါသည်။ ဘာသာရေးကိုမှားမှန်းသိလျှင်ပြင်မရဟု သက္ကမိုးညိုက ဘာသာအားလုံးကို စွပ်စွဲထားပါသည်။ သို့သော် စစ်မှန်သည့် ဗုဒ္ဓဘာသာသည် ဝေဖန်ဆန်းစစ်၍ ကျင့်သုံးရခြင်းဖြစ်သကဲ့သို့ အစ္စလာမ်သာသနာသည်လည်း ဉာဏ်ပညာပေါ်အခြေခံ၍ ဝေဖန်ဆန်းစစ်ကာ ကျင့်သုံးရသော သာသနာဖြစ်ပါသည်။ ဟာလလ်၊ ဟရာမ် ဆိုသည်မှာ တရားဝင်သည် သို့ တရားမဝင် ဆိုသည်ကို အသိဉာဏ်ဖြင့် ဝေဖန်ဆန်းစစ်ခြင်းကို ခေါ်ပါသည်။ ကိုရ်အာန်ကျမ်းစာကို လေ့လာလျှင် မုက္ခပတ်တော်၏ အဆုံးများတွင် "အသင်တို့ တွေးတောဆင်ခြင်မှုမပြုလုပ်ကြသလော" ဟုဆုံးသည့် မုက္ခပတ်တော်အမြောက်အများတွေ့ရပေလိမ့်မည်။ အစစ်အမှန် အစ္စလာမ်မှာ ဤသို့ဖြစ်ပါသည်။ ထိုအတိုင်းမကျင့်သုံးသူများ ဗုဒ္ဓဘာသာတွင် ရှိသကဲ့သို့ အစ္စလာမ်ဘာသာ အမည်ခံသူများတွင် ရှိတတ်မည်မှာတော့ မလွဲမသွဖြေစ်ပါသည်။

၆။ ကိုယ့်အထဲမှ အချို့ အများစုသည် နိုင်ငံကို အစစ်အမှန်ကာကွယ်ရေးထက် “အစ္စလာမ် အကြောက်ရောဂါ” Islamophobia ဖြစ်နကြေသည်က ပိုမည်ထင်သည် ဟုသက္ကမိုးညိုက ရေးသားထားပါသည်။ အမှန်မှာ ထိုအတိုင်းပင်ဖြစ်ပါသည်။ ယင်းကြောင့် အစ္စလာမ်ဘာသာကိုစော်ကား၍အမုန်းလောင်စာထပ်မထည့်ပေးစေလိုပါ။ အင်ဒိုနီးရှား၊ မလေးရှားစသောနိုင်ငံများသည် မူလဗုဒ္ဓဘာသာကိုးကွယ်ရာမှာ အစ္စလာမ်ဘာသာသို့ပြောင်းလဲလာခဲ့ခြင်းဖြစ်ပါသည်။ သူတို့မှာ မြန်မာများနှင့်နီးစပ်သည့်ရုပ်သွင်ရှိကြပါသည်။ သူတို့ကို မွတ်စလင်ဖြစ်ခြင်းကြောင့် သက္ကမိုးညိုက သီးသန့်ဆန်လွန်းသည်၊ လိင်ပိုင်းဆိုင်ရာ ကဲသည်စသည်ဖြင့်စွပ်စွဲနိုင်ပါမည်လား။ ဆရာဝန်တစ်ယောက်ဖြစ်လျှက်နှင့်ပင် ဘာသာနှင့်လူတစ်ဦးချင်းအပြုအမူဓလေ့စရိုက်တို့ကို မခွဲခြားနိုင်ခြင်းသာဖြစ်ပါသည်။ ဆရာဝန်တစ်ယောက်အနေနှင့် ထိုသို့ရေးသားသည်မှာ ရှက်စရာကောင်းလှပါသည်။ အစ္စလာမ်သာသနာဟာ လူ့သဘာဝကို နားလည်ပေးတဲ့ဘာသာဖြစ်ပြီး အိမ်ယာထူထောင်ခြင်းကို စက်ဆုပ်ရွံရှာဖွယ်ရာအဖြစ် မဖော်ပြထားပါဘူး။ သက္ကမိုးညိုအနေနဲ့ အရာရာကို ကိုယ်သိတဲ့ စံတစ်ခုတည်းဖြင့် တိုင်း၍မရကြောင်းသိစေချင်ပါသည်။

၇။ နံပါတ် ၇ အချက်နှင့် ပတ်သတ်၍ သဘောညီပါသည်။ ပွဲလန့်အောင်လုပ်သူ ဖျာခင်းသူများတွင် သက္ကမိုးညိုကိုယ်တိုင်ပါနေသည်ကို သတိပြုစေချင်ပါသည်။ မိမိလူသိများမှုကို တလွဲမသုံးစေချင်ပါ။

၈။ ကျွန်တော်တို့ မြန်မာများနှင့် လိုက်လျောညီထွဖြေစ်သော မူဆလင် မိတ်ဆွေများစွာတွေ့ဘူးပါသည်။ ယခုစာရေးသောအခါ ထိုသူတို့အားလည်း အားနာရပါသည်။ (သက္ကမိုးညို)
ဤအချက်အတွက် ကျေးဇူးတင်ပါတယ်။ ထိုလိုက်လျောညီထွဖြေစ်သူများမှာ အစစ်အမှန်များဖြစ်ပါသည်။ သက္ကမိုးညိုမှာ အစစ်အမှန်များကိုးကွယ်သည့် အစစ်အမှန်ဘာသာကို စွပ်စွဲ အပုတ်ချခြင်းမပြုသင့်ပါ။ စစ်မှန်သည့် သာသနာနှင့် မှားယွင်းစွာ ကျင့်သုံးနေသည့်နောက်လိုက်များကို ဝေဖန်ခြင်းပြုလျှင် ကျွန်တော့်အနေနဲ့ ပြန်လည်ရှင်းချက်ထုတ်စရာမရှိပါ။ ယခုမူ ပါးနပ်စွာဖြင့် မကောင်းသော အပြုအမူများကို အစစ်အမှန် အစ္စလာမ်ဘာသာ၏ လုပ်ရပ်များသဖွယ် ဘာသာရေးထဲဆွဲသွင်းသော အရေးအသားများကြောင့်သာရှင်းလင်းရခြင်းဖြစ်ကြောင်း သိနားလည်စေလိုပါသည်။ ယခုအကြောင်းအရင်းမှန်ကို ကမ္ဘာကပါ သိရှိလာသည့်အတွက် ချစ်ကြည်ရင်းနှီးမည့်အရာများသာရေးစေလိုပါသည်။

အောင်သန်းလွင် B.C.Sc (Hons)

မေတ္တာကမ္ဘာ - ၁
http://www.m-mediagroup.com/news/15013

သက္ကမိုးညို၏ အမုန်းမဲ့ ကမ္ဘာ ၂ 
http://tinyurl.com/kcj7ary

သက္ကမိုးညို၏ တမန်တော်မိုဟမ္မဒ်အားရုပ်ပြောင်ဖြင့် ရေးဆွဲခြင်းကို ဖြန့်ဝေထားပုံ
http://tinyurl.com/lpc9r7r

ဒေါက်တာမောင်မောင်ဦးကဗျာ
http://tinyurl.com/mv49yo5