Showing posts with label အစ္စလာမ်နှင့် သိပ္ပံ. Show all posts
Showing posts with label အစ္စလာမ်နှင့် သိပ္ပံ. Show all posts

Friday, February 24, 2012

ဆင့်ကဲဖြစ်စဉ်



 Evolution
 ဆင့်ကဲဖြစ်စဉ်








ချားလ်စ် ဒါဝင်
ဘာသာတရားတွေအပေါ်နောက်ထပ်ထိုးနှက်တိုက်ခိုက်မှုတစ်ခုကတော့ ဆင့်ကဲဖြစ်စဉ်ပဲဖြစ်ပါတယ်။ ဒီစဉ်းစားရကြပ်လှတဲ့ ရှုပ်ထွေးမှုကို ဖြေရှင်းပြီးသွားပြီလို့ သိပ္ပံပညာရှင်တွေက ပြောကြပါလိမ့်မယ်။ ဒါ့အပြင် ဒါဝင်ရဲ့ သီအိုရီကိုထောက်ခံပြီးတော့ လူသားတွေဟာ မျောက်ဝံလိုအကောင်မျိုးကနေ ဆင့်ကဲဖြစ်ထွန်းလာတယ်လို့လည်းပြောကြပါဦးမယ်။ ဒါပေမယ့် နှစ်ပေါင်းတစ်ရာကျော်သွားခဲ့ပါပြီ ဒါဝင်ရဲ့သီအိုရီကို မည်သူမျှသက်သပြေနိုင်ခြင်းမရှိခဲ့ပါဘူး။

 ကိုရ်အာန်ကျမ်းစာက လူသားဟာများစွာသောအဆင့်တွေကို တစ်ဆင့်ပြီးတစ်ဆင့်တက်ရင်း ဆင့်ကဲဖြစ်ထွန်းလာတယ်ဆိုတဲ့ အမြင်ကိုတော့ လက်ခံပါတယ်။ ဒါပေမယ့် ကျွနု်ပ်တို့ဟာ မျောက်ဝံလိုအကောင်မျိုးကနေ ဖြတ်သန်းပြောင်းလဲလာတယ်ဆိုတဲ့အမြင်မျိုးကိုတော့ လုံးဝလက်မခံပါဘူး။ ကျမ်းမြတ်ကိုရ်အာန်ကထောက်ခံတင်ပြတဲ့အမြင်ကတော့ လူသားဟာ သီးခြားမျိုးစိတ်အဖြစ်နဲ့ တစ်ခုသော ဆဲလ်အဆင့်ကနေပေါက်ဖွားလာခြင်းပဲဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ကိုရ်အာန် ကျမ်းတော်က ကျွနု်ပ်တို့ကိုအသိပေးတာက တမန်တော် အာဒမ် ဟာ ပထမဆုံးလူသားမဟုတ်ဘဲ ပထမဆုံးသော တမန်တော်သာဖြစ်တယ်လို့အသိပေးထားပါတယ်။ 
(ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၂ အခန်းငယ် ၃၁ မှာဖတ်ရှုနိုင်ပါတယ်။)


မတော်တဆလား ကြိုတင်စီမံထားမှုလား 

လူသားရဲ့ဖွံ့ဖြိုးတိုးတက်မှုဟာ မျိုးဗီဇဆိုင်ရာပြောင်းလဲဖြစ်ပေါ်ခြင်း (mutation) ကြောင့်ဖြစ်တယ်လို့ တစ်ချို့သိပ္ပံပညာရှင်တွေက ယူဆကြပါတယ်။ ဂျေမိုနော့ဒ် ပြောသလိုဆိုရင်တော့ … 

“ ဆင့်ကဲ့ဖြစ်စဉ်ရဲ့ မူလအစဟာ D.N.A ပုံစံထဲမှာဖြစ်ပွားခဲ့တဲ့ အခန့်မသင့်မတော်တဆ ဖြစ်မှုပဲဖြစ်ပါတယ်။” အဲ့ဒါကိုပဲ Mutation မျိုးဗီဇဆိုင်ရာပြောင်းလဲခြင်းလို့ သိကြတာပါပဲ။

 ဒီသီအိုရီကိုပဲ များစွာသော သိပ္ပံပညာရှင်တွေက ငြင်းပယ်ကြပြန်တယ်။ သူတို့ထဲကတစ်ဦးဖြစ်တဲ့ ရုပ်ဝါဒီ ရှရှားဇီဝဗေဒပညာရှင်ဖြစ်သူ အော်ပရင်း (Oparine) ဆိုသူက သက်ရှိဖြစ်ထွန်းခြင်းမှာ အမှတ်တမဲ့ကံအားလျှော်စွာ ဖြစ်တယ်ဆိုတဲ့ သီအိုရီကို ပွင့်လင်းစွာပဲ ငြင်းပယ်ပါတယ်။ သူပြောတာက …

“ ဆင့်ကဲဖြစ်စဉ်တစ်ရပ်လုံးသည် ခိုင်မာညီညွတ်သေချာမှုရှိယုံတင်မကဘဲ အဆုံးမရှိထိန်းသိမ်းထားခြင်းနှင့် ထပ်ဆင့်ပြန့်ပွားခြင်းများကို ပြင်ပအခြေအနေတစ်ရပ်က ပြဌာန်းနခြေင်းဖြစ်ပေသည်။ ဤကဲ့သို့ အဆင့်မြင့်မားစွာဖြစ်ပေါ်နေသော ဖြစ်စဉ်တစ်ရပ်လုံးသည် သူ့အလိုအလျှောက် တိုက်ဆိုင်မှုကြောင့်ဖြစ်လာရသည် မဟုတ်ပါပေ။ ”

       ဒီသီအိုရီ (မတော်တဆဖြစ်ခြင်း) ရဲ့ ယုတ္တိမတန်ပုံကို အော်ပရင်းကပဲ သာမန်လူနားလည်နိုင်အောင် သင့်တော်တဲ့ နှိုင်းယှဉ်ချက် ဥပမာလေးနဲ့ ခုလိုရှင်းပြပါသေးတယ်။

“ အက္ခရာ နှစ်ဆယ့်ခြောက်လုံးပါတဲ့ စာပုံနှိပ်ဘလောက်တုံးလေးတွေကို ရှုပ်ထွေးရောမွှပြေီး ကျွနု်ပ်တို့သိနားလည်တဲ့ ကဗျာတစ်ပုဒ်အဖြစ် ကံကောင်းထောက်မပြီး ပုံနှိပ်ထွက်လာအောင် မျှော်လင့်သလိုဖြစ်နေပါတယ်။ တကယ်တော့ အသိဉာဏ်ရှိပြီး သေချာစီစဉ်ထားတဲ့ အက္ခရာစကားလုံးတွေကသာ ကဗျာတစ်ပုဒ်ကို သီကုံးနိုင်လိမ့်မယ်ဆိုတာ ရှင်းလင်းပါတယ်။ ”

 
လူ့ခန္ဓာကိုယ်မှာ ဖွဲ့စည်းထားတဲ့ ဓာတုဗေဒဆိုင်ရာအရာဝတ္ထုတွေဟာ မြကြေီးထဲမှာ အနည်းနဲ့အများဆိုသလိုရှိနကြေတာကို ကျွနု်ပ်တို့သိပါတယ်။ ကျမ်းမြတ်ကိုရ်အာန်မှာ လူသားဖြတ်သန်းခဲ့ရတဲ့ များစွာသော အဆင့်တွေကို ဖော်ပြထားပါတယ်။ ဥပမာတစ်ချို့ကတော့ …

“အရှင်မြတ်သည် အသင်တို့အား အမျိုးမျိုးသောပုံသဏ္ဍန်နှင့် အခြေအနေအမျိုးမျိုးတို့ဖြင့် ဖန်ဆင်းခဲ့သည်။” (ကိုရ်အာန်ကျမ်းစာ - အခန်းကြီး ၇၁ အခန်းငယ် ၁၅ )

ထာဝရဘုရားရှင်မြတ်သည်ကား မိမိတစ်ပါးတည်းဖြင့် ပြည့်စုံတော်မှု၏။ အန္တကရုဏာတော်ရှင်လည်းဖြစ်တော်မူ၏။ အရှင်မြတ်အလိုတော်ရှိပါလျှင် အသင်တို့အားရုတ်သိမ်းတော်မူ၍ အသင်တို့အား အခြားမျိုးနွယ်များမှ ပေါက်ဖွားရှင်သန်စေခဲ့သကဲ့သို့ အခြားမျိုးနွယ်များမှသားသမီးအဆက်အနွယ်များကိုလည်း ပေါက်ဖွားရှင်သန်စပြေီး အောင်မြင်မှုပေးသနားတော်မူနိုင်ပေသည်။
(ကိုရ်အာန်ကျမ်းစာ - အခန်းကြီး ၆ အခန်းငယ် ၁၃၄ )

“ငါထာဝရဘုရားရှင်သည် အသင်တို့အား ဖန်ဆင်းတော်မူ၍ အသင်တို့အား ခွန်အားပေး၍ခိုင်မာစေခဲ့ပေသည်။ အရှင်မြတ်အလိုတော်ရှိပါလျှင် အသင့်တို့ကဲ့သို့ အခြားသူများဖြင့် အသင့်တို့ကို အစားထိုးနိုင်တော်မူ၏။”
 (ကိုရ်အာန်ကျမ်းစာ - အခန်းကြီး ၇၆ အခန်းငယ် ၂၉ )

 ကိုရ်အာန်ကျမ်းစာက လူသားဟာ အခုလိုအဆင့်တွေကိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုလက်ခံပါတယ်။ ဒါပေမယ့် ကံအားလျှော်စွာ မတော်တဆဖြစ်ပျက်မှုဆိုတဲ့အစား ကြိုတင်ရည်ရွယ်ထားတဲ့ ဆင့်ကဲပြောင်းလဲမှုအဖြစ် ဖော်ပြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ထာဝရဘုရားရှင် ကိုရ်အာန်ကျမ်းစာထဲမှာ ဖော်ပြထားတာက လူသားဟာ သူ့ရဲ့ဖွံဖြိုးတိုးတက်မှုအတွက် အဆင့်တစ်ခုကိုဖြတ်သန်းရပါတယ်။ အဲ့ဒါကတော့ အသံမြည်တဲ့ ရွှံ့ပုတ်ခြောက်အဆင့်ဖြစ်ပြီး D.N.A ဖြတ်သန်းရတဲ့ အဆင့်ကလည်း အဲ့ဒီတိကျတဲ့အဆင့်ပဲဖြစ်နေပါတယ်။ D.N.A ဟာ စိုစွတ်မှုကို နေရောင်အောက်မှာ ခြောက်သွေ့စေရပြီး အဲ့ဒီအဆင့်မှာပဲ စိုစွတ်တဲ့ ရေဘက်ကိုပြန်လည်ရောက်ရှိစေရပါမယ်။ စက္ကန့်ပိုင်းလေး လျော့နည်းသွားတာ ဒါမှမဟုတ် ပိုသွားပြီးကုန်းပေါ်မှာရှိနေမယ်ဆိုရင်တော့ ဒီဖြစ်စဉ်က ဘယ်တော့မှရပ်တန့်တော့မှာ မဟုတ်ပါဘူး။



      
             လူသားမျိုးစိတ်ဖွံ့ဖြိုးတိုးတက်မှုရဲ့များစွာသောအဆင့်တွေကို ကျောက်ဖြစ်ရုပ်ကြွင်းတွေက သက်သေအဖြစ်ဖော်ပြပါတယ်။ အစောဆုံးရှာဖွေတူးဖော်ရရှိခဲ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို လူစီလို့သိကြပြီး လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃.၅ သန်းခန့်ကတည်းက ဖြစ်နိုင်ပါတယ်။

 ရှေးအကျဆုံး လူတူမျိုးနွယ် (Hominids) တွေကို အော်စထရပ်လို ပီးသီးကပ်စ် (Australopithecus) လို့ခေါ်ပါတယ်။

 ပီသီကန်သရိုပိုင်းစ် (Pithecanthropines) ဒါမှမဟုတ် အာခန်သရိုပီးရန်းစ် (Archanthropians) တွေကတော့ ဒုတိယလူတူမျိုးနွယ်လှိုင်းပဲဖြစ်ပါတယ်။ သူတို့ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ သိန်းခန့်က ကမ္ဘာမှာနေထိုင်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖျင်း နှစ်ပေါင်း ၃ သိန်းခွဲခန့်လောက်တည်ရှိခဲ့ကြပါတယ်။

 နီယန်ဒါသယ်လ် (Neanderthals) သို့မဟုတ် ပဲလီယန်သရိုးပီးယန်း (Paleanthropians) တွေကတော့ တတိယလူတူမျိုးနွယ်လှိုင်းဖြစ်ပြီး သူတို့ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သိန်းခန့်က ကမ္ဘာမှာနေထိုင်ခဲ့ကြတာဖြစ်ပြီး အကြမ်းဖျင်း နှစ်ပေါင်း ၆ သောင်းခန့်လောက်တည်ရှိခဲ့ကြပါတယ်။


 နောက်ဆုံးလူတူမျိုးနွယ်ကတော့ မျက်မှောက်ခေတ်လူသားရဲ့မျိုးနွယ် ဟိုမိုဆပီးယန်း (Homosapien) ဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ သောင်း ၅ ထောင်ခန့် ဒါမှမဟုတ် ၄ သောင်းခန့်ကတည်းက တည်ရှိခဲ့ကြပါတယ်။ 

 ကိုရ်အာန်ကျမ်းစာမှာ အလ္လာဟ်အရှင်မြတ်က လူသားမျိုးနွယ်တစ်ခုကို အခြားမျိုးနွယ်တစ်ခုနဲ့ ဘယ်လိုအစားထိုးခဲ့တယ်ဆိုတာ ဖော်ပြထားပါတယ်။ အဲ့ဒါနဲ့ဆက်စပ်တဲ့ မုက္ခပတ်တော်အချို့ကတော့ ….

 “ငါအရှင်မြတ်သည် အသင်တို့အား ရွံ့စေးမှဖန်ဆင်းတော်မူခဲ့၏။ ထို့ပြင်အသင်တို့အတွက် သတ်မှတ်ထားသော အချိန်ကာလတစ်ခုရှိပေ၏။ ထို့အပြင် အရှင်မြတ်နှင့်တွေ့ဆုံရန် သတ်မှတ်ထားသော နောက်ထပ် အချိန်ကာလတစ်ခုလည်း ရှိပေ၏။ သို့ပါလျှက် အသင်တို့ သံသယဝင်ကြ၏။” (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၆ အခန်းငယ် ၃)


ထိုမှတပါး စင်စင်ဧကန် ငါအရှင်မြတ်သည် လူသားကို ပုံသွင်းပြီးဖြစ်သော အသံမြည်သည့် ရွှံ့ပုတ်ခြောက်ဖြင့် ဖန်ဆင်းတော်မူခဲ့လေသည်။ (ကိုရ်အာန်ကျမ်းစာ အခန်းကြီး ၁၅ အခန်းငယ် ၂၇)

 


အောင်သန်းလွင် B.C.Sc (Hons)


အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။

Saturday, October 29, 2011

ကျမ်းမြတ်ကိုရ်အာန်မှ သိပ္ပံဆိုင်ရာ အနာဂတ္တိဟောကြားချက်(ဗျာဒိတ်တော်)များ [ Scientific Prophecies in the Holy Quran ]

ထာဝရဘုရားရှင် မရှိကြောင်း သိပ္ပံပညာက သက်သပြေနိုင်သလား? ထာဝရ ဘုရားရှင် တည်ရှိမှုအတွက် သိပ္ပံပညာကို အထောက်အပံ့အဖြစ် အသုံးပြုနိုင်သလား ? အဲဒီလို မေးခွန်းမျိုးတွေ မကြာခဏမေးလေ့ရှိပါတယ်။ ထာဝရဘုရားရှင်က အရာရာတိုင်းကို ဖန်ဆင်းပြုလုပ်သူဖြစ်တဲ့အတွက် ဘုရားသခင်ရဲ့ စကားတော်နဲ့ ဘုရားသခင်ရဲ့ လုပ်ဆောင်မှု၊ လုပ်ရပ်တွေမှာ ညီညွတ်မှုရှိရပါမယ်။ တစ်နည်းဆိုရရင် ဘုရားသခင်က အရာရာကို ဖန်ဆင်းပြုလုပ်တယ်။ ဒါကြောင့် ဘုရားရှင်ဖန်ဆင်းတော်မူတဲ့ အရာရာ မည်သို့မည်ပုံ အလုပ် လုပ်သလဲဆိုတာကို သိရှိတော်မူတယ်။ ဒါကြောင့် ထာဝရဘုရားရှင်ရဲ့ မြင့်မြတ်တဲ့ကျမ်းစာတွေထဲမှာ ပါဝင်တဲ့ မိန့်ကြားချက်တွေဟာ မှန်ကန်မှုရှိရပါမယ်။ သိပ္ပံပညာဟာ ဘုရားမရှိကြောင်း သက်သပြေနေရင်းက နောက်ကွယ်မှာ အရာဝတ္ထုတွေကို ဖန်ဆင်းဖြစ်ပေါ်စေတဲ့ စွမ်းအင် (သို့) စွမ်းအား တစ်ခုခု ရှိရမယ်ဆိုတဲ့ အကြောင်း ဖော်ပြကြတယ်။ သိပ္ပံပညာဟာ သီအိုရီတွေကို သက်သပြေဖို့အတွက် ခို်င်မာတဲ့ အချက်အလက်တွေလိုအပ်တာဖြစ်ပြီး ထာဝရဘုရားရှင်ကို ယုံကြည်တာကတော့ အချက်အလက်မဟုတ်တဲ့ မယိမ်းမယိုင် စိတ်ချယုံကြည်မှုမျိုးဖြစ်တာကြောင့် သိပ္ပံပညာရှင်တွေဟာ သိပ္ပံနည်းကျ သက်သပြေနိုင်တဲ့ ဘုရားသခင် ရှိတယ်ဆိုတဲ့အကြောင်း ပြောမှာမဟုတ်သလို၊ ဘုရားသခင်မရှိကြောင်း သိပ္ပံနည်းကျ သက်သပြေနိုင်တယ်ဆိုပြီးလည်း ပြောလိမ့်မှာ မဟုတ်ပါဘူး။ မဟာပေါက်ကွဲမှု (Big Bang Theory)ဆင့်ကဲဖြစ်စဉ် (Evolution)၊ နဲ့ (လူသားဖြစ်ထွန်းမှုဟာ) မတော်တဆလား ကြိုတင်စီမံထားမှုလား (Chance or planned) စတဲ့အကြောင်းအရာများကို ကျမ်းမြတ်ကိုရ်အာန်က ရှင်းလင်းပြထားပါတယ်။ ဒါ့အပြင် ကျမ်းမြတ်ကိုရ်အာန်မှာ သန္ဓသေားလောင်းပညာရပ်အကြောင်း (Human Embryology) ကိုလည်း ရှင်းလင်းပြထားပါသေးတယ်။ သိပ္ပံပညာရှင်တွေ မကြာသေးမီကမှ ရှာဖွေတွေ့ရှိခဲ့တဲ့ အခုလို အချက်အလက်တွေကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝဝ အရင်က ကျမ်းမြတ်ကိုရ်အာန်က ဘယ်လိုဖော်ပြနိုင်ခဲ့သလဲ? ဤအချက်များအားဖြင့် သိပ္ပံဟာ ထာဝရဘုရားရှင် တည်ရှိမှုအတွက် အမှန်တကယ်ပဲ သက်သေ အထောက်အထား တစ်ရပ်ဖြစ်နေပါတယ်။



သိပ္ပံပညာရှင်တွေ ဘာသာတရားအပေါ် ကြီးကြီးမားမား တိုက်ခိုက်မှုတွေထဲက တစ်ခုကတော့ ကမ္ဘာမြကြေီးရဲ့အချိန်ကာလပဲဖြစ်ပါတယ်။ ကျမ်းစာအရရှင်းပြတာက စကြာဝဠာ ကမ္ဘာမြေကို ခြောက်ရက်နဲ့ ဖန်ဆင်းတော်မူပြီး ခုနှစ်ရက်မြောက်နေ့မှာ ထာဝရဘုရားသခင် အနားယူတော်မူတယ်။ နောက်ထပ်ဖော်ပြတာက လူသား ဒီကမ္ဘာမြေပေါ်မှာဖြစ်တည်မှုဟာ နှစ်ပေါင်း (၅ဝဝဝ) ခန့်သာရှိသေးကြောင်း ဖော်ပြပါတယ်။ ဒါပေမယ့် သိပ္ပံပညာက အခုအချိန်ထိဖော်ပြတာက စကြာဝဠာကို ဖန်ဆင်းဖို့အတွက် ခြောက်ရက်ပဲကြာတယ်ဆိုတာ မဖြစ်နိုင်ကြောင်းနဲ့ လူဟာဒီကမ္ဘာမြပြေင်ပေါ်မှာ နှစ်ပေါင်း (၅ဝဝဝ) မဟုတ်ဘဲ အနည်းဆုံး နှစ်ပေါင်း ၃.၅ သန်းခန့် ရှိကြောင်း သက်သပြေသတယ်။ ဒါကြောင့်သူတို့ဟာ ဒီမြင့်မြတ်တဲ့ ကျမ်းစာတွေကို လက်တွေ့မကျတဲ့ အချည်းအနှီးအရာအဖြစ် ပစ်ပယ်ထားလိုက်ကြတယ်။

ကျွနု်ပ်တို့ ပထမဆုံးနားလည်ရမှာက နေ့တစ်နေ့ဆိုတာဘာလဲ? ကျွနု်ပ်တို့ဟာ ၂၄ နာရီပါတဲ့ ရက်တစ်ရက်အကြောင်းပြောနကြေတာလား?။ ဒီလိုဆိုရင် ထာဝရဘုရားသခင်က စကြာဝဠာကို ဖန်ဆင်းတဲ့ အချိန်မှာ ကမ္ဘာမြပြေင်ပေါ်မှာ နေထိုင်နေရမှာပေါ့?

ကံမကောင်းစွာပဲ (နေ့ရက်အဖြစ်သတ်မှတ်ဖို့ရာ) နေထွက်ပြူနိုင်ခြင်းမရှိသေးသလို နေဝင်သွားတာမျိုးလည်း မရှိနိုင်ပါဘူး။ အကြောင်းက ထာဝရဘုရားသခင်ဟာ နေကိုပင် မဖန်ဆင်းရသေးတဲ့အတွက်ပဲဖြစ်ပါတယ်။ ဒီလိုဆိုရင် ဘုရားသခင်ဟာ နေ့ရက်တစ်ရက်ကို ရည်ညွှန်းတဲ့အခါမှာ အဲဒါဟာ ကာလတစ်ခုပဲဖြစ်နိုင်ပါတယ်။ အဲ့ဒီကာလဟာ ရက်တစ်ရက်၊ လတစ်လ၊ နှစ်တနှစ်၊ ဒါမှမဟုတ် ထောင်ပေါင်းများစွာ၊ သန်းပေါင်းများစွာ၊ ကုဋေပေါင်းများစွာ သော နှစ်တွဖြေစ်နိုင်ပါတယ်။ အာရဗီစာသားအရ (Yaum ) ယောင်မ် လို့ခေါ်တဲ့ ရက်ကို ကျမ်းမြတ်ကိုရ်အာန်မှာ ဖော်ပြထားတာက " တစ်ခါတစ်ရံ အလ္လာဟ် အရှင်မြတ်၏ အထံတော်၌ နေ့တစ်နေ့သည် သင်တို့၏ အရေအတွက်အားဖြင့် နှစ်တစ်ထောင်နှင့် ညီမျှ၏။ " (ကျမ်းမြတ်ကိုရ်အာန် - အခန်းကြီး ၂၂၊ အခန်းငယ် ၄၈ ) သို့ " ကောင်းကင်တမန်များနှင့်တကွ ကောင်းကင်တမန်မင်းကြီးသည် ထာဝရဘုရားရှင်ထံသို့ နေ့တစ်နေ့အားဖြင့် (နေ့ချင်းပေါက်) တက်သွားကြ၏။ ထိုနေ့တစ်နေ့၏ အတိုင်းအတာကား လောကီနှစ်ပေါင်း ငါးသောင်းနှင့် ညီမျှ၏။ " (ကျမ်းမြတ်ကိုရ်အာန် - အခန်းကြီး ၇ဝ၊ အခန်းငယ် ၅ )။ ဒါ့ကြောင့် ထာဝရ ဘုရားသခင်ထံမှာ ရက်တစ်ရက်ဟာ အတိအကျသတ်မှတ်လို့မရတဲ့ ကာလတစ်ခု သို့ အရာဝတ္ထုတစ်ခု ဖွံ့ဖြိုးတိုးတက်မှု အတွက် အဆင့်တစ်ခုကို ရည်ညွှန်းပါတယ်။

ဒုတိယအနေနဲ့ သမ္မာကျမ်းစာထဲမှာ အာဒမ်နဲ့ ဧဝ (Adam and Eve) အကြောင်း ဖတ်ရှုတဲ့အခါ သူတို့မှာ ကိန်းနဲ့ အေဘယ် (Cain and Abel) ဆိုတဲ့ သားနှစ်ယောက် ထွန်းကားခဲ့တယ်ဆိုတာ တွေ့ရပါမယ်။ အဲဒီနောက် ကိန်း (Cain) ဟာ လက်ထပ် ထိမ်းမြားပြီး မြို့တစ်မြို့မှာ နေထိုင်ခဲ့တယ်။ အဲ့ဒီအကြောင်းအရာကို သမ္မာကျမ်း ဓမ္မဟောင်း ကျမ်းစာရဲ့ ကမ္ဘာဦးကျမ်းကဏ္ဍ အခန်းကြီး ၄ အခန်းငယ် ၁၇ (Genesis- 4:17) မှာ တွေ့ရှိနိုင်ပါတယ်။ ဒီလိုဆိုရင် ကိန်းရဲ့ အမျိုးသမီးက ဘယ်ကလာသလဲ ? အဲ့ဒီမြို့က လူတွေကကော ဘယ်ကရောက်လာသလဲ ? အသေအချာ ဂရုတစိုက် ဖတ်ရှုမယ်ဆိုရင် အဲ့ဒီပတ်ဝင်းကျင်မှာ လူအမြောက်အမြား ရှိနေတယ်ဆိုတာ သတိထားမိမှာ ဖြစ်တယ်။ ဒါကြောင့် အာဒမ်ဟာ ပထမဆုံးသော တမန်တော်သာဖြစ်ပြီး ပထမဆုံးလူသား မဟုတ်တဲ့ အကြောင်း ကျွနု်ပ်တို့ပြောတာပေါ့။ သူ့ရဲ့ တမန်တော် ခန့်အပ်ခံရမှုက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝဝဝ ခန့်က စတင်ခဲ့တာဖြစ်နိုင်ပါတယ်။ လူစုလူဝေးနဲ့ နေထိုင်တတ်တဲ့ ဖွံ့ဖြိုးမှုအဆင့် မရောက်သေးခင် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃.၅ သန်းထဲက လူဟာ ဖြစ်ထွန်းပေါ်ပေါက် နေနိုင်ပါတယ်။ လူ့အဖွဲ့အစည်းနဲ့ နေထိုင်လာတဲ့ကာလမှာ ထာဝရဘုရားရှင် အကြောင်း ပြောပြဖို့အတွက် တမန်တော်အာဒမ်ကို သူတို့အဖို့ (တမန်တော်အဖြစ် စေလွှတ်ဖို့) လိုအပ်လာခဲ့တယ်။

မိုက်ကရိုစကုပ်၊ တယ်လီစကုပ် စတဲ့ ကိရိယာတန်ဆာပလာတွေရဲ့ အကူအညီမပါပဲ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝဝ အရင်က သိရှိဖို့ရာ မဖြစ်နိုင်တဲ့ အချက်အလက်တွေဟာ ကျမ်းမြတ်ကိုရ်အာန်ထဲမှာ ပြည့်နှက်နေပါတယ်။ ဒါ့အပြင် အနာဂတ္တိ အဖြစ်အပျက်တွေကို လည်း အတိအကျ ဖော်ပြထားပါတယ်။ ကျမ်းမြတ်ကိုရ်အာန်က ဖော်ပြတဲ့ အဲ့ဒီထဲက ဥပမာ တချို့ကတော့ ……

" စင်စစ် တောင်များကို ရွေ့လျှားခြင်း ခံရသော အခါ၌၎င်း " ကိုရ်အာန် ( ၈၁ : ၄ ) ဤမုက္ခပတ်တော်မှာ ညွှန်းဆိုတာက တောင်တွေကို မရွှေ့လိုက်သလို ဒိုင်းနမိုက်တွေနဲ့ ဖောက်ခွဲပြီး သူတို့ကိုဖြတ်လျှက် လမ်းတွေဖောက်လုပ်ကြတာကို ဆိုလိုနိုင်ပါတယ်။

" ဇီးဆယ်လရှိသော ကုလားအုတ်မများကို ထိန်းကျောင်းသူမဲ့လျှက် စွန့်ပစ်ထားခြင်း ခံရသောအခါ၌၎င်း " ကိုရ်အာန် ( ၈၁ : ၅ ) ဒီမုက္ခပတ်တော်မှာ ညွှန်းဆိုတာက တချိန်က ကုလားအုတ်တွေကို ခရီးလမ်းပန်း ဆက်သွယ်ရေးအတွက် အသုံးပြုခဲ့ပြီး ယခုအခါမှာတော့ ပိုကောင်းမွန်တဲ့ ပိုလျှင်မြန်တဲ့ ပိုအစွမ်းထက်တဲ့ လမ်းပန်းဆက်သွယ်ရေးတွေကို တီထွင်လာတဲ့ အတွက် ယခု ကုလားအုတ်တွေကို စွန့်ပစ်ထားတဲ့ အချိန်ကာလကို ဆိုလိုနိုင်ပါတယ်။

" လူနေထိုင်သည့် အရပ်ဒေသများတွင် တောတိရိစ္ဆာန်ရိုင်းတို့ကို စုရုံးထားသောအခါ၌၎င်း " ကိုရ်အာန် ( ၈၁ : ၆ ) ယခုမုက္ခပတ်တော်မှာ ညွှန်းဆိုတာက တောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးစုရုံးပြီး တိရစ္ဆာန်ရုံကြီးတွေအဖြစ် ပြုလုပ်ထားတာကို ညွှန်းဆိုနိုင်ပါတယ်။

" ပင်လယ်များအား တစ်ခုနှင့် တစ်ခု စီးဝင်စေသောအခါ၌၎င်း " ကိုရ်အာန် ( ၈၁ : ၇ ) ဤမုက္ခပတ်တော်မှာ ညွှန်းဆိုတာက ပင်လယ်နီနဲ့ မြေထဲပင်လယ်ကို ဆက်သွယ်ပေးတဲ့ စူးအက်တူးမြောင်း၊ ပစိဖိတ်သမုဒ္ဒရာ နဲ့ အတ္တလန္တိတ် သမုဒ္ဒရာတို့ကို ဆက်သွယ်ပေးတဲ့ ပနားမားတူးမြောင်း တို့ကို ညွှန်းဆိုနိုင်ပါတယ်။



ကျမ်းမြတ်ကိုရ်အာန်ထဲမှာ ခေတ်သစ်ကမ္ဘာရဲ့ ရှာဖွေတွေ့ရှိမှုတွေနဲ့ တီထွင်မှုတွေကို ညွှန်းဆိုဖော်ပြမှုသဖွယ်ဖြစ်နေတဲ့ မုက္ခပတ်တော် အမြောက်အမြားရှိနေပါတယ်။ ဥပမာ အနေနဲ့ ကျမ်းမြတ်ကိုရ်အာန်က ဖုံးကွယ်နေသော ရတနာများ (hidden treasure) များနဲ့ ပတ်သတ်ပြီး ဖော်ပြတဲ့ မုက္ခပတ်တော်ကတော့ … " ထိုကာလတွင် ကမ္ဘာမြကြေီးသည် မိမိအတွင်း သိုလှောင်ထားသော အရာဟူသမျှကို အပြင်သို့ အန်ထုတ်လိမ့်မည် " (ကျမ်းမြတ်ကိုရ်အာန် - အခန်းကြီး ၉၉၊ အခန်းငယ် ၃ )။ အဲ့ဒါဟာ အင်မတန်ပဲ အံသြစရာ ကောင်းပါတယ်။ လူသားဟာ စွမ်းအင်အသစ်တစ်မျိုးကို လိုအပ်တဲ့အခါတိုင်း သူဟာ တိမ်မြုပ်ဖုံးကွယ်နေတဲ့ ရတနာတွေကို ရှာဖွေဖော်ထုတ်ယူပါတယ်။ ဥပမာအားဖြင့် ကျောက်မီးသွေး၊ ရေနံ၊ ဓာတ်ငွေ့ စတာတွဖြေစ်ပါတယ်။ တကယ်တော့ အဲ့ဒီအရာတွေဟာ ကမ္ဘာပေါ်မှာ လူသားမျိုးနွယ်ရယ်လို့ မရှိခင်ကတည်းက တည်ရှိနေတဲ့ အရာတွေသာဖြစ်ပြီး ဖုံးကွယ်လျှက်တည်ရှိနကြေပါတယ်။ အဲဒီနောက် လူသားဟာ ကြီးမားတဲ့ စွမ်းအားတစ်မျိုးကို အလိုရှိတဲ့အခါ သူဟာ အက်တမ်လိုအရာမျိုးကို ခွဲပစ်ပြီး (အနုမြူ) စွမ်းအင်ကို ရှာဖွေထုတ်ယူပါတယ်။ တကယ်တော့ အက်တမ်ဟာ လူသားအနီးဝင်းကျင်မှာ ရှိနေတဲ့ အရာသာဖြစ်ပါတယ်။ သံသယဝင်စရာမရှိပါဘူး။ လူဟာတကယ်လို့ နောက်ထပ် စွမ်းအားအရင်းအမြစ်တစ်ခုကို လိုအပ်တယ်ဆိုရင် လူသားမရှိခင်ကတည်းကရှိနေခဲ့တဲ့ တိမ်မြုပ်နေတဲ့ ရတနာ နောက်ထပ်တစ်မျိုးကို ဖော်ထုတ်မှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီမေးခွန်းအတွက် အဖြေကတော့ ဟုတ်ပါတယ်။ သိပ္ပံက ဘုရားသခင် ရှိကြောင်း အပြည့်အဝထောက်ခံမှုပေးနေပါတော့တယ်။ (ချီးမွမ်းခြင်းဟူသမျှသည် ထာဝရ ဘုရားရှင် (အလ္လာဟ်အရှင်မြတ်) အဖို့သာတည်း၊ ထိုအရှင်သည် စကြဝဠာကမ္ဘာအပေါင်းကို ဖန်ဆင်းထိန်းသိမ်းစောင့်ရှောက်တော်မူသောအရှင် ဖြစ်တော်မူ၏။ )


အောင်သန်းလွင် B.C.Sc (Hons)


အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။


Friday, October 21, 2011

မဟာပေါက်ကွဲမှုဖြစ်စဉ် (The Big Bang Theory)

ကျမ်းမြတ်ကိုရ်အာန်ဟာ ဘုရားသခင်ရဲ့ နှုတ်ကပါတ်တော်ဖြစ်တယ်။ ကျမ်းမြတ်ကိုရ်အာန်ရဲ့စကားလုံးတိုင်းဟာ လူသားတစ်ဦးတစ်ယောက်ရဲ့ ပြင်ဆင်ဖြည့်စွက်ချက်သော်လည်းကောင်း၊ နှောက်ယှက်ဖျက်စီးမှုသော်လည်းကောင်းကင်းရှင်းတဲ့ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားလည်းဖြစ်တယ်။ ဤကျမ်းစာကို လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၄ဝဝ) အရင်က ကမ္ဘာ့လူသားထုတစ်ခုလုံးအတွက် ဝိဉာဉ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ဝတ္ထုလောက တို့အတွက် နောက်ဆုံးနဲ့ အပြည့်စုံဆုံးလမ်းညွှန်အဖြစ် ထာဝရဘုရားရှင်ထံမှပို့ချခဲ့တာဖြစ်တယ်။ကောင်းကင်နဲ့မြကြေီးကို ထာဝရဘုရားသခင်က ဖန်ဆင်းခဲ့တာ ဖြစ်တဲ့အတွက်သဘာဝနိယာမနဲ့ ထာဝရဘုရားသခင်ရဲ့နိယာမက ဆန့်ကျင်မှုမရှိပါဘူး။ ဒီအတွက်ကြောင့် များစွာသောသိပ္ပံဆိုင်ရာတွေ့ရှိချက်တွေကို ကျမ်းမြတ်ကိုရ်အာန်ထဲမှာ ဖော်ပြထားပါတယ်။ ဒါကလည်း ကျမ်းမြတ်ကိုရ်အာန်ဟာ ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဖြစ်ကြောင်းနဲ့ လူသားတစ်ဦးတစ်ယောက်ရဲ့ လက်ရာမဟုတ်ကြောင်းကို သက်သပြေနေပါတယ်။

သိပ္ပံပညာရှင်တွေက ဘာသာတရားတွေအပေါ် တိုက်ခိုက်မှုတစ်ခုကတော့ မဟာပေါက်ကွဲမှူသီအိုရီ (Big Bang Theory) ပဲဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ဆယ်သန်းလောက်က ကျွနု်ပ်တို့စကြာဝဠာကို စတင်ဖြစ်ပေါ်စေတဲ့ "မဟာပေါက်ကွဲမှု" ဖြစ်ခဲ့တယ်။ ဘာကြောင့် ဒီပေါက်ကွဲမှု ဖြစ်ပေါ်ရတာလဲဆိုတာကတော့ ဘယ်သူမှမသိပါဘူး။ ဓာတ်ငွေ့တစ်ခုကနေ ကြီးမားတဲ့ တွန်းတိုက်မှု ဖြစ်ခဲ့တယ်။ အဲဒီအချိန်ထဲက စကြာဝဠာ ပြန့်ကားထွက်နပြေီး အခုအချိန်ထိ ဒီဖြစ်စဉ်က မရပ်တန်သေးဘူး။ စကြာဝဠာကို ဘုရားသခင်ဖန်ဆင်းတာမဟုတ်ဘူး ဆိုပြီး သက်သပြေဖို့ အတွက် သိပ္ပံပညာရှင်တွေ ကြိုးစားကြတာဟာ ဒီအချက်အလက်ကို အခြေခံကြတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေ ပြောလေ့မရှိတဲ့ အချက်တစ်ခုက၊ တစ်ကယ် တော့ အဲဒီအချက်ကို သူတို့ပြောလည်းပြောဆိုနိုင်ခြင်းမရှိပါဘူး။ အဲ့ဒါကတော့ ဘယ်အရာက ဒီပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သလဲ? ဆိုလိုတဲ့သဘောကတော့ ကျွနု်ပ်တို့ဟာအက်တမ် ဗုံးလိုမျိုး ပေါက်ကွဲမှုအကြောင်းပြောနေတာ မဟုတ်ပါဘူး။ ကျွနု်ပ်တို့ နေထိုင်တဲ့ ကမ္ဘာကို ပေါက်ကွဲသွားစေနိုင်တဲ့ ပေါက်ကွဲမှုမျိုးအကြောင်း ပြောနေတာလည်း မဟုတ်ပါဘူး။ ကျွနု်ပ်တို့ဟာကြီးမားတဲ့နေလိုအရာဝတ္ထုမျိုးပေါက်ကွဲသွားနိုင်တဲ့ ပေါက်ကွဲမှုမျိုး အကြောင်းပြောနကြေတာမဟုတ်ပါဘူး။ ကျွနု်တို့ပြောဆိုနေတဲ့ ပေါက်ကွဲမှုကတော့ ကြယ်တွေ၊ ဂြိုဟ်တွေဟာ အစိုင်အခဲတစ်ခုသာဖြစ်ခဲ့ပြီး အဲ့ဒီအစိုင်အခဲဟာ ရုတ်ချည်း ပေါက်ကွဲပြန့်ကားကာ ယနေ့တိုင် ဆက်လက်ပြန့်ကားနေတဲ့ ပေါက်ကွဲမှုအကြောင်း ပြောနခြေင်းဖြစ်ပါတယ်။ ဘယ်လိုအရာက ဒီပေါက်ကွဲမှုကို ဖြစ်ပေါ်စေခဲ့သလဲ။ ဒီအချက်ကို သိပ္ပံပညာရှင်တွေ ပြောဆိုနိုင်ခြင်းမရှိပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝဝ အရင်ကတည်းက ကျမ်းမြတ်ကိုရ်အာန်က ဘာဖြစ်ခဲ့သလဲ ဆိုတဲ့အခြင်းအရာသာမက ဘာကြောင့်ဖြစ်ခဲ့သလဲ ဆိုတဲ့ အချက်ကိုပါရှင်းလင်းပြထားပါတယ်။ "ငါ(ဘုရားရှင်) ခွဲခြားဖွင့်လှစ်ခဲ့တယ်" (ကျမ်းမြတ်ကိုရ်အာန်၂၁:၃၁)။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄ဝဝ အရင်က ကိုရ်အာန်ကျမ်းစာဟာ ရေသံသရာလည်ပုံ(water cycle) နဲ့ ပတ်သတ်ပြီး ရှင်းလင်းပြထားပြီး အဲဒီအကြောင်းအရာကို ၁၅၈ဝ ခုနှစ်မှာမှ ဘားနဒ် ပလစ်ဆီ (BernardPalissy) ဆိုသူက ပထမဦးဆုံး ရှင်းလင်းတဲ့ ဖော်မြူလာကို ထုတ်ပေးနိုင်ခဲ့တယ် ဆိုတာကို ကျမ်းမြတ်ကိုရ်အာန်ကို လေ့လာခြင်းဖြင့် မှတ်သားနိုင်ပါတယ်။ ထိုနည်းတူစွာပဲ ကိုရ်အာန်ကျမ်းစာက လဟာဘယ်လို နေရဲ့အလင်းရောင်ပြန်ဟပ်မှုဖြစ်ပေါ်သလဲ၊ နောက် အပင်တွေရဲ့မျိုးပွားခြင်းအကြောင်း (reporduction in the plantkingdom) အထူးသဖြင့် အလေးပေး ဖော်ပြထားတာက အဖိုဝတ်ဆံနှင့် အမမျိုးဥအိမ် ဟူ၍ လိင် နှစ်မျိုးရှိကြောင်းဖြစ်သည်။ တမန်တော်မြတ် မိုဟမ္မဒ်(ငြိမ်းချမ်းခြင်းသက်ရောက်ပါစေ) ဟာ ထင်ရှားကျော်ကြားတဲ့ ပညာရှင်တစ်ယောက်မဟုတ်တဲ့အပြင်၊ စာပင်ရေးတတ် ဖတ်တတ်ခြင်းမရှိသည်မှာ အထင်အရှားဖြစ်ပါလျှက် ဤကဲ့သို့သောအသိဉာဏ်၊ဗဟုသုတများကို ကျမ်းမြတ်ကိုရ်အာန်က အဘယ်သို့ ဖော်ထုတ်နေပါသနည်း။ ဧကန်အမှန်ပင် ဤအသိဉာဏ်သည် ထာဝရဘုရားရှင်(အလ္လာဟ်အရှင်မြတ်)ထံမှဖြစ်ပေသည်။





ကျမ်းမြတ်ကိုရ်အာန် အပြည်အစုံအညွှန်း



"မိုးမြေသည် အစကနဦးက အရာဝတ္ထုတစ်ခုတည်းသာဖြစ်ကြောင်း၊ ထို့နောက်မှ မိုးမြေကိုတစ်ခုစီ ငါအလ္လာဟ်ရှင် ခွဲခြားတော်မူကြောင်း၊ ထို့ပြင်သက်ရှိသတ္တဝါတို့ကို ရေမှဖန်ဆင်းတော်မူကြောင်း၊ဤအကြောင်းအရာများကို မယုံကြည်သူတို့ မသိကြသလော၊ သူတို့သည် ယုံကြည်ကြမည် မဟုတ်လော" - ကျမ်းမြတ်ကိုရ်အာန် အခန်း ( ၂၁ ) အပိုဒ် ( ၃ဝ )


"ငါအလ္လာဟ်ရှင်သည် ကမ္ဘာမြပြေင်၊ မိုးကောင်းကင်နှင့် ယင်းအကြားရှိရှိသမျှသောအရာတို့အားကောင်းကျိုးရည်ရွယ်ချက်နှင့်သတ်မှတ်ထားသော အချိန်ကာလတစ်ခုအတွက်သာ ဖန်ဆင်းတော်မူ၏။ သို့သော်မယုံကြည်သူတို့သည်သူတို့အား အသိပေးနှိုးဆော်ခြင်းများမှ လှည့်ထွက်သွားကြ၏။" ကျမ်းမြတ်ကိုရ်အာန်အခန်း ( ၄၆ ) အပိုဒ် ( ၃ )








အောင်သန်းလွင် B.C.Sc (Hons)



အင်္ဂလိပ်ဘာသာဆောင်းပါးမှ ဆီလျှော်အောင်ဘာသာပြန်ဖော်ပြသည်။